ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းကို အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရန်ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ်

0
96

အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းကို ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ်ထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီး ချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီး ဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ (၂၄) ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ border trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (OSS) များက ဧပြီ (၂၄) ရက်မှစ၍ တာဝန်ချထားစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့်  အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here