စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးအား ဆိုလာစနစ်ဖြင့် အလင်းပူ​ဇော်

0
78

စစ်ကိုင်းမြို့၊ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄)နာရီ လျှပ်စစ်မီး အသုံးပြုနေပြီဖြစ် ကြောင်း သိရသည်။

ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၆)ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ဧပြီ(၁၂) ရ က်တွင် ပြီးစီးခဲ့ပြီး ဧပြီ(၁၃)ရက်မှ စတင်ကာ အသုံးပြုလျှက်ရှိကြောင်း ကောင်းမှုတော်ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ကောင်းမှုတော် ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့် သုံးစွဲရာတွင် လျှပ်စစ်မီတာခ တစ်လလျှင် ကျပ်သိန်း (၃၀)ခန့် ကုန်ကျလျှက်ရှိရာမှ ဆိုလာစနစ်ဖြင့် ပြောင်း လဲသုံးစွဲရာကျပ်(၁၀)သိန်းခန့်သာ ကုန်ကျသည့်အတွက် လျှ ပ်စစ်ဓာတ်အားခ ငွေကျပ်သိန်း(၂၀)ခန့် လျော့နည်းသက်သာ ခဲ့သည်။

ဆိုလာစနစ်ဖြင့် ကောင်းမှုတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော်ထားရှိသော (၄၅၀)ဝပ် ဆလိုက်မီး(၃၂)စုံ၊ (၂၄၀)ဝပ် ဆလိုက်မီး(၈)စုံ၊   ဘုရား စောင်းတန်းများ၊ နားနေဆောင်များအတွင်းရှိ လျှပ်စစ်မီးများ၊ ဘုရားဖူး ပြည်သူများ သောက်သုံး နိုင်ရန် ရေသန့်၊ ရေအေးစက်များ၊ ဘုရားကြီး အတွင်းရှိ ကျောင်းတိုက်များ၊ ဈေးဆိုင်ခန်းများ သုံးရေအတွက် အသုံးပြုနိုင်ရန် ‌ရေတင် စက်(၃)လုံးတို့ (၂၄) နာရီ အသုံးပြုနိုင်ပြီ ဖြစ်ပြီး ပိုလျှံသည့် ဆိုလာဓာတ်အားများကိုလည်း ဘုရားကြီးရှိ ရေစင်(၂)စင်အား (၂၄)နာရီ အ သုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမှုတော် ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ရေးနှင့် (၂၄)နာရီ လျှပ်စစ်မီးပူဇော်နိုင်ရန် ရည်ရွယ်၍  ဆိုလာစနစ်သို့ ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေကျ ပ်သိန်း(၁၀၀၀) နှင့် စေတနာရှင်၊ အလှူရှင်များမှ စုပေါင်းလှူ ဒါန်းငွေကျပ် သိန်း(၁၀၇၀) စုစုပေါင်း ကျပ်သိန်း(၂၀၇၀) ဖြ င့် ဝပ်အား (၅၆၁၆၀) ထုတ်လုပ်နိုင်သည့် ဆိုလာအချပ်(၉၆) ချပ်ကို ဘုရားကြီးအရှေ့တောင်ထောင့်တွင် တပ်ဆင်အသုံး ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here