အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ရေးဆင်းကူးသည့် အမျိုးသား (၄)ဦး ရေနစ်၍ အသက်ဆုံးရှုံး

0
77

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊သောကြာဒူးကျေး ရွာအနီး၊ အကောက်တောင်ခြေ၊  ဧရာဝတီမြစ်အတွင်းသို့ အမျိုးသား (၅)ဦး ရေဆင်းကူးရာမှ (၄)ဦး ရေနစ်‌ေ-သမှုဖြစ် ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

ယနေ့ ဧပြီ (၂၇) ရက် နံနက် (၉)နာရီခွဲ့အချိန်က အဆိုပါ​နေရာတွင် ရေဆင်းချိုးသည့် အမျိုးသား (၅)ဦး ရေနစ်မှုဖြစ်ပွားကြောင်း သတင်းအရ ကြံခင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ် ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွှေ တောင်ပရဟိတ လူမှုကူညီရေးအသင်းဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။  

ဖြစ်စဉ်အရ ရေနစ်‌ေ-သဆုံးသူ အမျိုးသား (၄)ဦးအား ရွှေဆိ ပ်သာလူမှုကူညီရေးအသင်းနှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် အင်ပင်မြို့၊ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here