အီရန်နှင့် ရုရှားနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အမေရိကန် ပံ့ပိုးကူညီနေဟုဆို

0
78

ရုရှားနှင့် အီရန်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် အမေရိကန်နှင့် အနောက်နိုင်ငံတို့က အကြမ်းဖက်အဖွဲ့များအား ကူညီထောက်ပံ့မှုမှ အခြေပြုလာခြင်းဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ရုရှားနဲ့ အီရန်နိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အနောက်နိုင်ငံတွေရဲ့ အထူးသဖြင့် အမေရိကန်က အဲဒီ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့မှုရဲ့ ရလဒ်ဖြစ်ပါတယ်” ဟု အီရန်ကာကွယ်ရေးဝန်ကြီးက အီရန်သတင်းအေဂျင်စီ Tasnim ကို ပြောကြားခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ညနေပိုင်းက မော်စကိုမြို့နယ်နိမိတ်အပြင်ဘက် ရှိ Crocus မြို့တော်ခန်းမ ဂီတဖျော်ဖြေပွဲကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ နောက်ဆုံးစာရင်းအရ လူ ၁၄၄ ဦး သေဆုံးပြီး ၅၅၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုတွင် သေနတ်သမားလေးဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ အကြမ်းဖက်သမားများသည် ယူကရိန်း အမျိုးသားရေးဝါဒီများနှင့် ဆက်စပ်မှုရှိကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်၏ တပ်မှူး ဗိုလ်ချုပ်ကြီး Qasem Soleimani ကွယ်လွန်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွင် အီရန်မြေပေါ်၌ဖြစ်ပွားခဲ့သမျှတို့အနက် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် သေဆုံးသူ ၉၅ ဦးရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here