FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့အုပ်စုပွဲစဉ် ပွဲရလာဒ်များထွက်ပေါ်

0
62

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပနေသည့် FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ယမန်နေ့ ဧပြီ (၂ ၆ ) ရက်တွင် ပြန်လည်ကျင်းပခဲ့သည်။

ယမန်နေ့က အုပ်စုအဖွင့်ပွဲစဉ်အား Maubin FC နှင့် City Sh wepyithar FC၊ Burmese Youth FC နှင့် Su Latt Myint Mo FC တို့ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြရာ Maubin FC နှင့် City Shwepyithar FC တို့ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် တ စ်ဖက် နှစ်ဂိုးစီသွင်းယူ၍ သရေရလာဒ်ထွက်ပေါ်ခဲ့သည်။

အလားတူ Burmese Youth FC နှင့် Su Latt Myint Mo FC တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ၌ Su Latt Myint Mo FC က 

Burmese Youth FC အား (၄)ဂိုး (၁) ဂိုးဖြင့် ရနိုင်ရရှိခဲ့သည်။

ယနေ့ ဧပြီ (၁၇)ရက်တွင် Insein City FC နှင့် Shwepyithar United FC ၊ Naypyitaw United FC နှင့် Artharwady FC တို့ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဧပြီ (၂၈)ရက်တွင် Shan FC နှင့် Phaysimyay FC ၊ Royal Yangon FC နှင့် Rakhine United FC တို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ် သည်။

FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ နှစ်ကျော့စနစ်ဖြင့် ကျ င်းပနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရပ်တည်နိုင်မည့်အ သင်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here