အမေရိက နှင့်တရုတ်တို့သည် ပြိုင်ဘက်များမဖြစ်သင့်ဘဲ မိတ်ဖက်များသာဖြစ်သင့်ဟုသမ္မတရှီပြော

0
149

ပေကျင်း၊ဧပြီ ၂၆

ပေကျင်းနှင့်ဝါရှင်တန်တို့အကြား ဖြေရှင်းစရာကိစ္စများတစ်သီတစ်တန်းကြီးရှိနေသေးသော်လည်း ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအနေဖြင့် ပြိုင်ဘက်များမဖြစ်သင့်ကြဘဲ မိတ်ဖက်များသာဖြစ်သင့် ကြသည်ဟု တရုတ်သမ္မတရှီက အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တို နီ ဘလင်ကန်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်းသိရသည်။

တစ်နှစ်အတွင်းဒုတိယအကြိမ် မြောက် တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မစ္စတာဘလင်ကန်သည် တရုတ်၏ထိပ်တန်းနိုင်ငံရေးသမားများနှင့်ပေကျင်း၌တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းအနေဖြင့် ရုရှား၊ထိုင်ဝမ်နှင့်ကုန်သွယ်ရေးကိစ္စများ၏အရေးကြီးနယ်ပယ်များကို အလေးထားဆွေးနွေးသွာားမည်ဖြစ်ကြောင်းလည်းသိရသည်။

ပေကျင်းမြို့၌ မစ္စတာဘလင်ကန်နှင့်တွေ့ဆုံစဉ် မစ္စတာရှီကျင့်ဖျင်က အ မေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်မနှစ်ကတွေ့ဆုံပြီးကတည်းက နှစ်နိုင်ငံအကြားဆက်ဆံရေးသည် အပြုသဘောဆောင်သည့်တိုးတက်မှုတစ်ချို့ရှိခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

ယင်းနောက် မစ္စတာရှီက နှစ်နိုင်ငံအနေဖြင့် ပြိုင်ဘက်များမဖြစ်ကြဘဲ မိတ်ဖက်များသာဖြစ်သင့်သည်ဟုလည်း မစ္စတာရှီကပြောကြားခဲ့သကဲ့သို့  ဖြေရှင်းရန်လိုအပ်သည့်ပြဿနာများနှင့် အခြားကြိုးပမ်းစရာကိစ္စရပ်များစွာလည်းရှိနေသေးကြောင်းထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကအနေဖြင့် တရုတ်၏ဖွံ့ဖြိုးတိုးတက်လာမှုများကိုအ ကောင်းမြင်ပေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ အဆိုပါအခြေခံအကျဆုံးပြဿနာများကိုဖြေရှင်းပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် အမှန်တကယ်ပိုမိုတည်ငြိမ်ကောင်းမွန်လာပြီး တိုးတက်လာနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

Source : သည်စထရိတ်ထ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here