အမေရိကန် စစ်သင်္ဘောများနှင့် အခြား စစ်ရေယာဉ်များကို ဟူသီတို့ ထပ်မံတိုက်ခိုက်

0
237

ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များက ၎င်းတို့သည် Maersk Yorktown ကုန်တင်သင်္ဘောနှင့် အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အစ္စရေးသင်္ဘော MSC Veracruz ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ပစ်မှတ်ထားခဲ့ကြောင်း ဟူသီအဖွဲ့၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဟူသီတို့သည် ၂၀၂၃ခုနှစ် နိုဝင်ဘာလမှစတင်၍ သင်္ဘောများအား တိုက်ခိုက်မှု ၅၀ ကျော် ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု အမေရိကန် ရေကြောင်း စီမံခန့်ခွဲရေးမှ ပြောကြားခဲ့သည်။ ဟားမတ်စ်လက်နက်ကိုင် များနှင့် အစ္စရေးတို့၏ စစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ဟူသီတပ်ဖွဲ့များသည် အစ္စရေးနှင့် ဆက်စပ်နေသေည့် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းကို ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် ခုနစ်လနီးပါးကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပါလက်စတိုင်းလူမျိုး သေဆုံးသူ ၃၄,၀၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၇၆,၀၀၀ ကျော်ရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။ ယင်းတို့အနက် အနည်းဆုံး သုံးပုံနှစ်ပုံမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။ ပါလက်စတိုင်းတို့ သေဆုံးမှု များပြားလာမှုကြောင့် နိုင်ငံတကာက အစ္စရေးအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here