မန္တလေး‌ဆေးရုံကြီးတွင် စာအိတ်ပေးအလှူခံနေသည့် သင်္က န်းဝတ် တစ်ဦးကို လူဝတ်လဲကာ နေရပ်ပြန်ပို့ 

0
92

မန္တလေးမြို့၊ ဆေးရုံကြီးရှိ လူနာစောင့်များထံ စာအိတ်ပေး ၍ အလှူခံနေသည့် သင်္ကန်းဝတ် လူတစ်ဦးကို ဧပြီ(၂၅)ရက် နံနက်ပိုင်းက ခေါ်ယူထိန်းသိမ်းကာ ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ လူဝတ်လဲပြီး နေရပ်ပြန်ပို့လိုက်ကြောင်း သိရသည်။

မန္တလေးမြို့၊ ဆေးရုံကြီးရှိ လူနာစောင့်များထံ စာအိတ်ပေး အလှူခံနေသည့် သင်္ကန်းဝတ် လူတစ်ဦးကို တွေ့ရှိရ၍ ကြွရောက်ထိန်းသိမ်းပေးပါရန် သာ/ထိန်းအဖွဲ့ ဆရာတော် တစ်ပါးထံ သာသနာတော်သန့်ရှင်းရေးကို လိုလားသူ တစ်ဦးက တိုင်ကြားလျှောက်ထားခဲ့ကြောင်း သိရသည်။ 

အဆိုပါ လျှောက်ထားချက်ကြောင့် သာ/ ထိန်း ဆရာတော်ကပင် ကြွရောက်ထိန်းသိမ်းကာ မြို့နယ်သံဃနာယကအဖွဲ့ရုံးသို့ ခေါ်ဆောင်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စာအိတ်ပေး အလှူခံ ပုဂ္ဂိုလ်မှာ ဘွဲ့အမည်နာမ မရှိဘဲ ၎င်းဘာသာ သင်္ကန်းဝယ်ဝတ်၍ အိမ်မှာသာ နေထိုင်ကြောင်း သင်္ကန်းဝတ်ထားသည်မှာ မကြာသေးဘဲ ယခင်က စစ်ကိုင်းဈေးထဲတွင် အလှူခံဖူး၍ မန္တလေးပြည်သူ့ဆေးရုံကြီးအတွင်း အလှူခံလာသည်မှာ မကြာသေးကြော င်း ထွက်ဆိုခဲ့သည်ဟု ဒေသတွင်း သတင်းများအရ သိရသ ည်။

ဖြစ်စဉ်အရ ပထမအကြိမ် တွေ့ရှိသူဖြစ်သောကြောင့် ၎င်းပုဂ္ဂိုလ်ကို လူဝတ်လဲပေးကာ နောက်နောင် ရှောင်ကြဉ်နိုင်လောက်အောင်ထိ ဆုံးမခဲ့ကြပြီး နေထိုင်ရာ အရပ်သို့ ပြန်စေခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here