Tuesday, May 20, 2025

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁...

စင်္ကာပူ၊ မေ ၂၀ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း...

တစ်ကျော့ပြန်ကိုဗစ်အ‌ရေး ဗီယက်နမ်အစိုးရက ဆေးရုံများကိုသတိပေး

ဟနွိုင်း၊မေ ၂၀ တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်ရောဂါကူးစက်မှုများအတွက် လုံလောက်သည့်ဆေးဝါးများ၊သီးသန့်ထားရန်နေရာများနှင့် အခြားလိုအပ်သည့်အရာများကို ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အစိုးရက နိုင်ငံတစ်ဝန်းရှိဆေးရုံများကို ညွှန်ကြားထားသည်ဟုသိရသည်။ ဆေးစစ်ချိန်နှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကြိုတင်ကာကွယ်မှုများကို...

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန...

ထိုင်းမှာတကျော့ပြန် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေ

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုဗစ်ရောဂါ တကျော့ပြန်ဖြစ်ပွားခဲ့ရာ ကူးစက်သူ အရေအတွက်သည် လူ (၃၃,၀၃၀) ဦးအထိ မြင့်တက်လာပြီး ဘန်ကောက်တွင် ရောဂါဖြစ်ပွားသူ...
HomeNewsLocal Newsပုံမှန်မဟုတ်​တော့သည့်ရာသီဥတုများ

ပုံမှန်မဟုတ်​တော့သည့်ရာသီဥတုများ

ယခုနှစ်၏ ရာသီဥတုတွင် အယ်လ်နီညိုရာသီတဖြည်းဖြည်းကျလာပြီး စိုစွတ်အေးမြသည့် လာနီညာရာသီလာမည်ဖြစ်ကြောင်း မိုးရာသီမှ ဆောင်းရာသီအထိ လာနီညာ သည် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တောက်လျှောက်တတ်လာမည်ဖြစ်ကြောင်း သိရသည်။

ယင်း စိုစွတ်အေးမြသည့် ရာသီဥတုကြောင့် ရေကြီးရေလျှံဖြစ်စဉ်များ မုန်တိုင်းငယ်လေးများ အကြိမ်ရေများများဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။

သို့သော် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးအချို့တွင် မြင့်မားလာနိုင်မည့် အပူဒဏ်ကို သတိထားရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေး ပြောကြားထားသည်။

ပြီးခဲ့သည့်  ၂၀၂၃  ခုနှစ်အတွင်း  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် အပူဒဏ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၄၀၀ ခန့်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားသည်။

ယခုနွေ့ရာသီတွင်လည်း အပူဒဏ်ကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေထိခိုက်မှုဖြစ်စဉ်များနှင့် အပူကြောင့်အသက်ဆုံးရှုံးရမှုများ ဆယ်နှင့်ချီရှိနေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီကာလ အပူချိန်မြင့်မားနေနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက 

” နွေရာသီဆိုတော့ ပူ‌တာပေါ့။ ဒါပေမဲ့ အယ်လ်နီညိုသက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်လျော့ကျလာတယ်။ အပူချိန်က ၄၀ ကျော်အထိမြင့်တက်လာပြီး မိုးရွာချတယ်။ မိုးတိမ်တောင်တွေဖြစ်ပြီး မိုးဖွားလေးတွေကျတဲ့အတွက် အပူချိန်ကလျော့လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁ ဦးထပ်တိုးလာ

စင်္ကာပူ၊ မေ ၂၀ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၇၈ ဦး မှာ ရောဂါရင့်သည့် အဆင့် ဖြစ်ကြောင်း ကူးစက်ရောဂါအေဂျင်စီ (CDA) က ယမန်နေ့ကထုတ်ပြန်သောနောက်ဆုံးပေါ် သတင်းအချက်အလက်များ အရသိရှိရသည်။ အသစ် တွေ့ရှိရသော ရောဂါဖြစ်ပွားသူများ၏ ၆၂ ရာခိုင်နှုန်းခန့်ကို ဆေးကုသမှုကာလအတွင်း တွေ့ရှိခဲ့ပြီး အများစုမှာ HIV ပိုးကူးစက်မှု၏အနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လူနာသစ်ထက်ဝက်ကျော်ကို နောက်ကျမှ ရောဂါရှိ‌ေကြာင်း တွေ့ရခြင်းမှာ...

တစ်ကျော့ပြန်ကိုဗစ်အ‌ရေး ဗီယက်နမ်အစိုးရက ဆေးရုံများကိုသတိပေး

ဟနွိုင်း၊မေ ၂၀ တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ကိုဗစ်ရောဂါကူးစက်မှုများအတွက် လုံလောက်သည့်ဆေးဝါးများ၊သီးသန့်ထားရန်နေရာများနှင့် အခြားလိုအပ်သည့်အရာများကို ကြိုတင်ပြင်ဆင်ထားရန် ဗီယက်နမ်အစိုးရက နိုင်ငံတစ်ဝန်းရှိဆေးရုံများကို ညွှန်ကြားထားသည်ဟုသိရသည်။ ဆေးစစ်ချိန်နှင့် ဆေးကုသမှုခံယူနေစဉ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိရောက်သည့်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ရန်လိုအပ်သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိခို-က်လွယ်သောကျန်းမာရေးအခြေအနေရှိသူများ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အိပ်ယာထဲလဲနေသည့်လူမမာများ၊ ကျန်းမာရေးအခြေအနေဆိုးရွားသူများနှင့်သက်ကြီးရွယ်အိုများကို ပိုမိုဂရုစိုက်သင့်သည်ဟုလည်း အစိုးရက ညွှန်ကြားထားသည်။ ဗီယက်နမ်၌ ယခုနှစ်အစပိုင်းမှစပြီး ပြည်နယ်နှင့်မြို့ကြီး ၂၇ ခုတွင် ကိုဗစ်ကူးစက်ခံရသူ (၁၄၈) ဦးအထိရှိကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ Source : ရှင်းဟွာ

မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် တက်ရောက်ရန် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံပိုင်သတင်းစာမှတဆင့် ခေါ်ယူထားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) တို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်း မရှိသောသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းတွင် လက်ခံနိုင်သည့် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန် စွမ်းမှုအမျိုးအစားများ Down Syndrome၊ Autism၊ Attention Deficit Hyper...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071