မိုးရွာသွန်းမှုကြောင့် လားရှိုး – သီပေါ ဆက်ထားသည့် စဉ့်အင်တံတားအနီး လမ်းပိတ်ဆို့​နေ

0
58

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ ဧပြီ(၂၄)ရက် မွန်း လွဲပိုင်းက မိုးရွားသွန်းခဲ့သည့်အတွက် လားရှိုး-သီပေါဆက်သွယ်ထားသော စဉ့်အင်တံတားသို့အသွား လမ်းပေါ်တွင် ယာဉ် များပိတ်ဆို့ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

စဉ့်အင်တံတားသို့သွားသည့် လမ်းပိုင်းမှာ မြေနီလမ်းဖြစ်ပြီး မိုးရွာသွန်းခဲ့ခြင်းကြောင့် လမ်းများချော်ကာ ယာဉ်အစီး(၅၀) ကျော် ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ဒီလမ်းပိုင်းက မိုးတွင်းဘက်ဆို သွားလို့တောင်ရမှာမဟုတ်ဘူး။  စဉ်အင်တံတားကို ဖြတ်ဖို့ ဝင်ရတဲ့လမ်းပေါ့။ လမ်းက မြေနီလမ်း ရွံ့ဆန်ဆန်မြေပေါ့။ မိုးလည်းရွာရော ကားတွေ လမ်းချော်တော့တာပဲ။ မနေ့က ရွာတဲ့မိုးကြောင့် အခုတောင်လမ်းက ချော်ချင်နေတုန်း။ မိုးတွင်းအတွက် ကြိုတင်ပြင်ဆင်ထားပေးဖို့လိုမယ်”ဟု ဒေသခံခရီး သွားတစ်ဦးက ပြောသ ည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅) စင်း ပျက်စီးသွားသဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား ၊လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊လား ရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတား တို့ ဖျက်ဆီးခံထားရခြင်း ဖြစ်သည်။

ယခုလ ပထမအပတ်အတွင်းကလည်း  ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားကို ထပ်မံဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here