စစ်ကိုင်းမြို့ရှိ ယာယီတိုက်ပွဲရှောင် များအား စတုတ္ထအကြိမ် ဆန်ရိက္ခာများထောက်ပံ့

0
54

စစ်ကိုင်းမြို့ရှိ ယာယီတိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ​နေရဆဲ ဝန်ထမ်းနှင့် ပြည်သူများအား စတုတ္ထအသုတ် ဆန်ရိက္ခာများကို ဧပြီ(၂၄)ရက် နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်များတွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်ရိက္ခာထောက်ပံ့ခြင်းဖြစ်သည်။

စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက ရိက္ခာဆန်များကို တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင် စီစစ်ရေးကဒ်၊ နိုင်ငံသားမှတ်ပုံတင် စီစစ်ရေးကဒ်များဖြင့် တိုက် ဆိုင်စစ်ဆေး မှတ်တမ်းထားရှိပြီး နေ့စဉ်ခွဲဝေပြီးစီးမှု အခြေ အနေများကို စာရင်းရှိ၊ ထုတ်ဝေ ပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးထားသည်။

စစ်ကိုင်းမြို့ ရပ်ကွက်များရှိ ယာယီတိုက်ပွဲရှောင်၊ နေရပ်စွန့် ခွာသူ ပြည်သူ (၁၂၃၈) ဦး၊ ဝန်ထမ်း ဝန်ထမ်းမိသားစု (၂၆၆၀) ဦးတို့အား တစ်ဦးလျှင် (၁) ရက်၊ နို့ဆီဗူး (၂) ဗူးနှုန်းဖြင့် (၃)လစာအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ဧပြီ(၂၄)ရက်က ဇေယျာရပ်ကွက်၊ ပါရမီရပ်ကွက်လက်ကျန်၊ နန္ဒဝန်ရပ်ကွက်၊ တကောင်းရပ်ကွက်၊ ပဲကတိုးရပ်ကွက်များရှိ ယာယီတိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်များမှ ကျန်ရှိသည့် ယာယီတိုက်ပွဲရှောင် နေရပ် စွန့်ခွာသူများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here