မုံရွာမြို့တွင်”ဗန္ဓုလဈေး” ဈေးရုံသစ်များ ဖွင့်လှစ်

0
63

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဗန္ဓုလဈေး” မှ ဈေးရုံသစ်များကို ယမန်နေ့ ဧပြီလ (၂၄) ရက်၊ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဗန္ဓုလဈေးသစ်ကို မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့ပြီး အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ (၄) ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံ သစ် (၁) ရုံတည်ဆောက်ထားသည်။

မြို့သစ်ရပ်ကွက်၊ အိုးဘိုတောင်ရပ်ကွက်၊ နိုင်ငံ့ဝန်ထမ်းများနေထိုင်ရာအခန်းပေါင်း(၁၄၆)ခန်းရှိ အိုးအိမ်အိမ်ယာနှင့် တို င်းဒေသကြီး အစိုးရအဖွဲ့ ရုံး၊ လွှတ်တော်အိမ်ယာတို့တွင်ရှိသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ နေ့စဉ်ဝယ်ယူအသုံး ပြုနိုင်မည့် ဈေးအဖြစ်တည်ဆောက်ပေးထားခြင်းဖြစ်ကြော င်းမုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးထွန်ထွန်းထံက သိရသည်။

စျေးသစ်ကို ဧပြီလ (၂၄) ရက်၊ နံနက်ပိုင်းကတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နှင့် မုံရွာခရိုင်၊ စီမံအု ပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှ စ်ပေးခဲ့ခြင်းဖြစ်သည်။

ဗန္ဓုလဈေးကို ပိုမိုခေတ်မီကောင်းမွန်သည့် အဆင့်မြင့်သည့် ဆိုင်ခန်းများ စနစ်တကျဖြစ်ပေါ်လာစေရန်၊ ဟင်းသီးဟင်းရွ က်၊အသားငါးနှင့် လူသုံးကုန် ပစ္စည်းများအား တစ်နေရာတ ည်းတွင် ဝယ်ယူရောင်းချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here