မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တန်ခိုးကြီး စေတီဘုရား (၁၇) ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ တပ်ဆင်ပေးခြင်းဆောင်ရွက်နေ

0
284

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား (၁၇) ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အ ထည်ဖော်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ စေတီဘုရားများကို Pagoda Digital Directory များ တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြင့်  သမိုင်းအချက်အ လက်များ၊ စေတီဘုရားများနှင့်ပတ်သက်သည့် အကြောင်း အရာများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း လေ့လာကြည်ညိုနိုင်စေရန် ဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘုရားဖူးလာရောက်မှု တိုးမြှင့်လာစေရန်၊ နိုင်ငံတ ကာဘုရားဖူးခရီးသွားများကို ဆွဲဆောင်နိုင်စေရန်နှင့် နိုင်ငံ တကာအဆင့်မီဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသို့ Pagoda Digital Directory များ တပ်ဆင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ခိုးကြီးစေတီဘု ရားများမှာ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန် ကု သိုလ်တော်စေတီ၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေ တီတော်မြတ်ကြီး၊ ရွှေကျီးမြင်စေတီတော်၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူစေတီတော်တို့ ပါဝင်ကြောင်းသိရသည်။

ထို့ပြင် ကျောက်ဆည်မြို့နယ်ရှိ ရွှေသိမ်တော်ဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် မြတ်စွာ ဘုရားတို့အပြင် ညောင်ဦး ခရိုင်အတွင်းရှိ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ လောကနန္ဒာ၊ တုရင်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ မနူဟာဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ဓမ္မရာဇကဘုရားတို့တွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here