MNL U-20 League ဘောလုံးပြိုင်ပွဲအတွက် Dagon Port FC က လူငယ်ကစားသမားများ ခေါ်ယူ

0
271

မြန်မာနေရှင်နယ်လိဂ် ယူ၂၀ ဘောလုံးပြိုင်ပွဲအား ဇွန်လအ တွင်း ကျင်းပြပုလုပ်မည်ဖြစ်ရာ ၊ Dagon Port FC က လူင ယ်ကစားသမားအသစ်များအား ခေါိယူသွားမည်ဖြစ်ကြော င်း သိရသည်။

အသင်းအနေဖြင့် လူငယ်ကစားသမားအသစ်ရွေးချယ်မှုအား ဧပြီ(၂၈)ရက်နှင့် (၂၉)ရက်တို့တွင် ရန်ကုန်မြို့   ယုဇနဥယျာဉ်မြို့တော်၊ စစ်တောင်းဘောလုံး အားကစားကွင်းအ တွင်း နှစ်ရက်ကြာရွေးချယ်ခေါ်ယူသွာမည်ဖြစ်သည်။

သတ်မှတ်ချက်အရ အသက် (၁၈)နှစ် မှ (၂၀) နှစ်ကြား  လူ ငယ်များ လာရောက်အရွေးချယ်ခံနိုင်ပြီး မှတ်ပုံတင်၊အိမ် ထောင်စုဇယား မူရင်းတို့ယူဆောင်ကာ ရွေးချယ်ခံယူနိုင်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ယူ၂၀ ဘောလုံးပြိုင်ပွဲ နီးကပ်လာပြီဖြစ်သဖြင့် ပြည်တွင်းဘောလုံးကလပ်အသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့မှလည်း လူငယ်ခြေသစ်များအား ရွေးချယ်ခေါ်ယူလျက်ရှိသ ည်။

Dagon Port FC အသင်းသည့် ဒဂုံဆိပ် ကမ်းမြို့နယ် ကို ယ်စားပြု အသင်းတစ်သင်းဖြစ်ပြီး၊ ယခု ၂၀၂၄ ခုနှစ်အတွ င်းကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပထမအကျော့ အုပ်စုအဆင်ပွဲစဉ်များအပြီး ရမှတ်( ၃)မှတ်ဖြင့် အုပ်စုအဆင့်(၄)နေရာတွင် ရပ်တည်နေသည့် အသင်းတစ်သင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here