ဘန်ကောက်၌ အပူ အန္တရာယ်သတိပေးချက်ထုတ်ပြန်

0
299

ဘန်ကောက်၊ဧပြီ ၂၄

ထိုင်းအာဏာပိုင်များသည် အပူချိန်အလွန်မြင့်ေနသဖြင့် ပြည်သူများဘေးကင်းစေရန်အတွက် အိမ်တွင်း၌သာနေကြရန် ဧပြီလ ၂၄ ရက်တွင်အပူဒဏ်သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ထိုင်းမြို့တော်၌ အပူချိန် ၅၂ ဒီဂရီ ဆယ်လ်စီးယပ်စ်အထက် မြင့်တက်နေကာ ယခုအခြေအနေသည်အလွန်အန္တရာယ်များသည်ဟုလည်း မြို့အာဏာပိုင်များက သတ်မှတ်ထားသည်။

“ယနေ့အပူအညွှန်းကိန်းသည် အလွန်အန္တရာယ်များသည့်အခြေအနေ၌ရှိနေခြင်းကြောင့် ကျေးဇူးပြု၍ အိမ်အပြင်ထွက်ခြင်းများအားရှောင်ကြဉ်ပါ” ဟု အာဏာပိုင်များကထုတ်ပြန်ထားသည်။

ဧပြီလသည် အများအားဖြင့် ထိုင်းနိုင်ငံ၌တစ်နှစ်တာ၏ အပူဆုံးနှင့်အစိုစွတ်ဆုံးအချိန်ဖြစ်သော်လည်း ယခုနှစ်တွင် အယ်လ်နီညိုရာသီဥတုပုံစံကြောင့်လည်း အခြေအနေများပိုမိုဆိုးရွားလာခဲ့သည်။

လာမည့်ရက်များအတွင်း ပူပြင်းသောရာသီဥတုသည် ဆက်ရှိနေမည်ဟုမျှော်လင့်ထားပြီး ပြည်သူများအား ရေဓာတ်ပြည့်ဝစွာနေရန်၊အပြင်သွားပါကနေရောင်ကာခရင်မ်လိမ်းရန်နှင့် အိမ်တွင်းလေ့ကျင့်ခန်းများပြုလုပ်ရန်လည်းထိုင်းအစိုးရကတိုက်တွန်းထားသည်။

ကမ္ဘာလုံးဆိုင်ရာအပူချိန်သည် ယမန်နှစ်ကစံချိန်တင် မြင့်တက်ခဲ့ပြီး အာရှတိုက်သည် အထူးအရှိန်အဟုန်ဖြင့် ပူနွေးလာကြောင်း ကုလသမဂ္ဂမိုးလေဝသနှင့် ရာသီဥတုအေဂျင်စီက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here