အာဆီယံနှင့် အိန္ဒိယ ကူးလူးဆက်သွယ်ရေး ပူးပေါင်းမှုများနှင့် ပတ်သက်၍ ဆွေးနွေး

0
71

အာဆီယံနှင့် အိန္ဒိယ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကူးလူးဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံ – နယူးဒေလီကော်မတီ (ANDC) ၏ အစီအစဉ်ဖြင့် နယူးဒေလီမြို့အခြေစိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများမှ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ Secretary (East) အဖြစ် မကြာသေးမီက စတင်တာဝန်ထမ်းဆောင်သည့် H.E. Shri Jaideep Mazumdar အား ဧပြီ (၁၉) ရက်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေ့လယ်စာစားပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများနှင့် H.E. Shri Jaideep Mazumdar တို့သည် အာဆီယံနှင့် အိန္ဒိယ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် အလားအလာကောင်းများ၊ အာဆီယံ-အိန္ဒိယ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကူးလူးဆက်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here