ကုလသမဂ္ဂ အမျိုးသမီးများအသင်း (ဗီယင်နာ)၏ ဈေးရောင်းပွဲတော်တွင် မြန်မာနိုင်ငံမှလည်း ပါဝင်ရောင်းချ

0
40

နိုင်ငံပေါင်း (၂၆)နိုင်ငံပါဝင်သော အဖွဲ့ရုံးများက ပါဝင်ဆင်နွှဲလှူဒါန်းခဲ့ကြသည့် ကုလသမဂ္ဂအမျိုးသမီးများ အသင်း (ဗီယင်နာ) ၏ ဈေးရောင်းပွဲတော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှလည်း ပါဝင်ရောင်းချ လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း အကူအညီလိုအပ်နေသော ကလေးသူငယ်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ရန်ပုံငွေအတွက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (ဗီယင်နာ) (United Nations Women’s Guild of Vienna-UNWG) က နှစ်စဉ်ကြီးမှူး၍ ဈေးရောင်းပွဲတော်များ ကျင်းပလေ့ရှိကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်များတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့အနေဖြင့် တက်ကြွစွာပါဝင် ရောင်းချလှူဒါန်းလျက်ရှိရာ ယခုနှစ် ဧပြီ (၁၉)ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ နေ့လယ်စာဈေးရောင်းပွဲတော် (UNWG International Charity Luncheon) တွင် မြန်မာအစားအစာများကို ရောင်းချလှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းဈေးရောင်းပွဲတော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့်အတူ သြစတြေးလျ၊ သြစတြီးယား၊ ဘာကီနာဖာဆို၊ ကင်မရွန်၊ ကနေဒါ၊ တရုတ်၊ အီဂျစ်၊ ပြင်သစ်၊ ဂါနာ၊ အိန္ဒိယ၊ ဂျပန်၊ ဂျော်ဒန်၊ ကာဂျစ်စတန်၊ မွန်ဂိုလီးယား၊ မော်ရိုကို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ကာတာ၊ ရိုမေးနီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တူနီးရှားနှင့် အမေရိကန်နိုင်ငံတို့ အပါအဝင် စုစုပေါင်း (၂၆) နိုင်ငံမှ အဖွဲ့ရုံးများက ပါဝင်ဆင်နွှဲလှူဒါန်းခဲ့ကြကြောင်း သိရသည်။

United Nations Women’s Guild of Vienna သည် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ပရဟိတအဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိတွင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ အဖွဲ့ဝင် (၅၀၀) ခန့် ပါဝင်သည်။

UNWG အဖွဲ့ဝင်များမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမျိုးသမီး ဝန်ထမ်းနှင့် ဇနီးများဖြစ်ကြပြီး၊ အခကြေးငွေ မယူဘဲ စေတနာ့ဝန်ထမ်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here