မြန်မာ့နှစ်ကူး အထူးဓမ္မသဘင် နောက်ဆုံးညတွင် အောင်ဆန်းဆရာတော်ဘုရားမှ တရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူ

0
62

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့နှစ်ကူး အထူးဓမ္မသဘင် နောက်ဆုံးည ဓမ္မပူဇာသဘင်ကို ရန်ကုန်မြို့ ၊ ပြည်သူ့ရင်ပြင်၌ ယနေ့ ဧပြီလ (၁၉) ရက် ၊ မြန်မာနှစ်ဆန်း(၃) ရက်ညတွင် ဆင်ယင်ကျင်းပလျက် ရှိသည်။

အဆိုပါ ဓမ္မပူဇာသဘင် နောက်ဆုံးညတွင် မိုးကုတ်ဝိပဿဘနာအဖွဲ့ချုပ်ကြီး (ရန်ကုန်)၏ မဟာနာယက၊ အင်းစိန်မြို့နယ် ဩဝါဒါစရိယ အဘယလာဘမုနိကျောက်တော်ကြီးဘုရား၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ၊အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ ဝိဇ္ဇာကာသီ သီရိကမ္မဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)၊ နိုင်ငံတော်သမ္မ တကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုတံဆိပ်ရ အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမှ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့ပါသည်။

အဆိုပါ ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပတော်မူနေသည့် အခမ်းအနားမြင်ကွင်းများကို အများပြည်သူတို့ ကြည်ညိုသဒ္ဓါပွားတော်မူနိုင်ရန် ဓမ္မဒါနအနေဖြင့် ပြန်လည်မျှဝေဖော်ပြပေးအပ်ပါသည်။

မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင်ကို မြန်မာနှစ်ဆန်း(၁) ရက် ညပိုင်းတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က တရားရေအေးတိုက်ကျွေးတော်မူခဲ့ပြီး ဒုတိယည အခမ်းအနားတွင် မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မှ တရားရည်အေးများတိုက်ကျွေးတော်မူခဲ့ပြီး ဖြစ်ပါသည်။

လုံးစုံများစွာ သတ္တဝါတို့ ချမ်းသာသုခ အေးမြကြည်လင်နိုင်ကြပါစေ …… ။


LEAVE A REPLY

Please enter your comment!
Please enter your name here