အမေရိက၊ဂျပန်တို့နှင့်ဆက်ဆံရေးတိုးမြှင့်ခြင်းသည် ဖိလစ်ပိုင်၏ အဆုံးအဖြတ်သာဖြစ်

0
103

မနီလာ၊ဧပြီ ၁၈

ဖိလစ်ပိုင်၊အမေရိကနှင့်ဂျပန်တို့၏ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမှုအား တရုတ်က ဆန့်ကျင်ပြောကြားခဲ့ခြင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေဖြင့် အမေရိကနှင့်ဂျပန်တို့ဖြင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် ၄င်းတို့၏အချုပ်အခြာအာဏာအရ ရွေးချယ်မှုသာဖြစ်သည်ဟုပြန်လည်တုန့်ပြန်ပြောကြားလိုက်သည်။

အဆိုပါသုံးနိုင်ငံတွေ့ဆုံဆွေးနွေးပွဲအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ဝါရှင်တန်၌ပြုလုပ်ခဲ့ခြင်းလည်းဖြစ်ကာ ဖိလစ်ပိုင်၊ဂျပန်နှင့် အမေရိကန်ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များကို စိုးရိမ်မိကြောင်းလည်းထုတ်ဖော်ပြောကြားခဲ့ကြသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့သုံးနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုသည် အင်ဒို – ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့်စီးပွားရေးကိုမြှင့်တင်ရန်သာရည်ရွယ်ခြင်းဖြစ်ပြီး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်မယူဆရန်လည်းပြောကြားခဲ့သည်။

သို့သော် အခြားတစ်ဖက်၌လည်း တရုတ်နိုင်ငံ၏ ရေကြောင်းပိုင်ဆိုင်မှုဆိုင်ရာ အလွန်အကျွံတောင်းဆိုမှုများနှင့် ရန်လိုမှုများက ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအား ထိခိုက်စေသည်ဟုလည်းပြောကြားခဲ့သည်။

၎င်းတို့သုံးနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများအား တရုတ်က အစဉ်တစိုက်ကန့်ကွက်ခဲ့သကဲ့သို့ မကြားသေးမီကပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကိုလည်း တရုတ်က ဝေဖန်ရှုံ့ချခဲ့သည်။ တရုတ်နှင့်ဖိလစ်ပိုင်ဆက်ဆံရေးသည် အငြင်းပွားေနသော တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်များနှင့်ပတ်သက်၍ တစ်စတစ်စတင်းမာလာခြင်းဖြစ်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးက ၎င်း၏ပိုင်နက်ဖြစ်ကြောင်းအခိုင်အမာေပြာဆိုထားသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကမူ တရုတ်၏တောင်းဆိုချက်သည် အခြေအမြစ်မရှိဘဲ မခိုင်လုံကြောင်းဆိုကာ ငြင်းဆန်နေခဲ့ကြခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အီးစီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here