မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို) ဒုဥက္ကဋ္ဌ ဦးအောင်မြင့်၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်

0
77

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်၏ ဈာပန အခမ်းအနားအား ယနေ့ ဧပြီ (၁၉)ရက် မွန်းလွဲပိုင်း၌ လှာကဒေါင် သုဿန်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်အား ဂူသွင်းမြှပ်နှံခဲ့ကြခြင်းဖြစ်ပြီး ကရင်ပြည်နယ်အဆင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် မိတ်ဖက်ပရဟိတအသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးအောင်မြင့်သည် ဧပြီ(၁၇)ရက်၊ နံနက် (၆) နာရီ (၄၅)မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင်အသက် (၆၆)နှစ်ရှိပြီဖြစ်ကာ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြင့်မှာ တောင်ငူဇာတိဖွားတစ်ဦးဖြစ်ပြီး ဘားအံမြို့၌ မာဃလုလင် လူငယ်ဆွမ်းလောင်းအသင်းမှစတင်၍ မာဃနာရေးကူညီမှုအသင်း၊ ကရင်ပြည်နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ) ၏ ဥက္ကဋ္ဌအဖြစ် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် လှာကဒေါင်ဆရာတော်ချီးမြှင့်သည့် ပရဟိတ စံပြဆုနှင့် မေတ္တာရှင်ဆရာတော်ပေးအပ်သည့် ပရဟိတစံပြဆု(၂)ဆုကို ရရှိထားသူလည်းဖြစ်သည်။

ဦးအောင်မြင့် မကွယ်လွန်ချိန်အထိ ဘားအံ၊ သာမည၊ လှိုင်းဘွဲ့နှင့် ကော့ကရိတ်မြို့တို့ရှိ စစ်ရှောင်ပြည်သူများကိုလည်း စားနပ်ရိက္ခာထောက်ပံ့ကူညီခြင်း၊ ဒေသတွင်း ပရဟတိတလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-မိုးမြင့်ထက်


LEAVE A REPLY

Please enter your comment!
Please enter your name here