မလေးရှားတွင် ရေခဲလိုက်ပို့သည့် ကားနှင့် တစ်ဖက်ယာဉ်ကြောရှိ ကားတို့ မျက်နှာချင်းဆိုင်တို-က်မိရာမှ မြန်မာလုပ်သားတစ်ဦး အသက်ဆုံးရှုံး

0
167

မလေးရှားနိူင်ငံ၊ ဆလန်းကောပြည်နယ်၊ ပူချွန်းမြို့နယ်တွင် ရေခဲလိုက်ပို့သည့်ကားနှင့် တစ်ဖက်ယာဉ်ကြောရှိ ကားတို့မျက်နှာချင်းဆိုင်တို-က်မိရာမှ မြန်မာလုပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကပုန်းမြို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံက သိရသည်။

အသက်ဆုံးရှုံးခဲ့သည့် မြန်မာလုပ်သားမှာ အသက် (၂၃)နှစ်အရွယ် စောရေအေး ဆိုသူဖြစ်ပြီး မွန်ပြည်နယ်၊ သထုံမြို့နယ် ညောင်ချောင်းကျေးရွာဇာတိဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားအား မလေးရှားနိုင်ငံ ၊ စာတန်းမြို့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေရာမှ ဧပြီ(၁၂)ရက် တွင် ‌ေ-သဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ ညနေပိုင်းက စားသောက်ဆိုင်များသို့ ရေခဲကားဖြင့် ရေခဲလိုက်ပို့ရာမှ တစ်ဖက်ယာဉ်ကြောတွင် မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မျက်နှာချင်းဆိုင် တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုပ်အလေ-ာင်းအား မနက်ဖြန် ဧပြီ(၂၀) ရက်၊ နံနက်(၁၀)နာရီအချိန်၌ ဆလန်းကောပြည်နယ်၊ (MBPJ(pj)မြို့ သုသန်တွင်သဂြိုဟ်သွားမည်ဖြစ်ကြောင်း ကပုန်းမြို့ မြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here