အီလွန်မတ်၏ Starlink ဂြိုဟ်တုများက ကမ္ဘာကို အဆိပ်သင့်စေဟု နာဆာပညာရှင်ဆို

0
153

အီလွန်မတ်၏ Starlink ဂြိုဟ်တုများကဲ့သို့သော တန်ဖိုးနည်းဂြိုဟ်တုများက ကမ္ဘာ့သံလိုက်စက်ကွင်းကို အနှောင့်အယှက်ဖြစ်စေပြီး၊ ကော့စမစ်ရောင်ခြည်သင့်မှုကိုလည်း ပိုမိုလာစေနိုင်ကြောင်း အမေရိကန် အာကာသာအေဂျင်စီ နာဆာ(NASA)တွင် အမှုထမ်းခဲ့ဖူးသည့် ရူပဗေဒပညာရှင် ဒေါက်တာ ဆီရာယာဆိုလ်တာ ဟန့်က သတိပေးလိုက်သည်။

ဒေါက်တာ ဟန့်၏လေ့လာမှုအသစ်အရ အီလွန်မတ်၏ Starlink ဂြိုဟ်တုများမှ မှထုတ်လုပ်သော အင်တာနက်ဂြိုလ်တုအပျက်အစီးများသည် တစ်နာရီလျှင် အမှိုက် ၁.၃ တန်(၂၇၅၅ ပေါင်)ကျော်ကို ကမ္ဘာ့လေထုထဲသို့ ထည့်သွင်းနေကြောင်း ခန့်မှန်းသိရှိရသည်။ ကမ္ဘာ့လေထုထဲသို့ အမှိုက်များ ဤသို့ဝင်ရောက်မှုသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်းဝယ် သတ္တုစများဖြင့်ပြည့်နှက်လာစေကာ “လျှပ်ကူးနိုင်သော အမှုန်အမွှား” အလွှာတစ်ခုကို ဖန်တီးပေးနေသည်။ ထိုသို့ လျှပ်ကူးနိုင်သော သတ္တုအမှုန်အမွှားများ ကမ္ဘာပတ်လမ်းကြောင်းအတွင်း များပြားလာခြင်းသည် ကမ္ဘာသံလိုက်စက်ကွင်းကို အနှောင့်အယှက်ဖြစ်နေစေနိုင်ကြောင်း ဒေါက်တာဟန့်က ဆိုသည်။ ယင်း၏ အကျိုးဆက်အဖြစ် ကမ္ဘာပေါ်သို့ ကော့စမစ်ရောင်ခြည်ကျရောက်မှုနှုန်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။

ဒေါက်တာဟန့် သည် နာဆာ(NASA)၏ Stardust အာကာသယာဉ် သုတေသနအဖွဲ့နှင့် အမေရိကန်လေတပ် သုတေသနဓာတ်ခွဲခန်းတွင် အလုပ်လုပ်ခဲ့စဉ်ကတည်းကပင်လျှင် အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်းအတွင်း လျှပ်စစ်သံလိုက်စက်ကွင်း၏ အပြုအမူ စုံစမ်းထောက်လှမ်းခြင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းခြင်း၏ အရေးကြီးပုံကို အလေးပေးသုတေသနပြုခဲ့သူဖြစ်သည်။

ယခုလည်း နောက်လာမည့် ၁၀ နှစ်အတွင်း Starlink ကဲ့သို့သော ဂြိုလ်တုများ ပိုမိုများပြားလာမည်ဟု မျှော်မှန်းထားသောကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သူ၏ သတိပေးချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here