ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားမည်

0
206

ရန်ကုန်အဝေးသင် တက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ပထဝီဝင်ဌာနမှ ကြီးမှူး၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို တတိယအကြိမ်မြောက်အဖြစ် အွန်လိုင်းမှဖွင့်လှစ်သင်ကြားရန် စီစဉ်ထားသည်။

ထိုသို့ဖွင့်လှစ်မည့် Post Graduate Diploma in Geography of Tourism သင်တန်းကို မေလ (၂၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုအခါ သင်တန်းတတ်ရောက်လိုသူများအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဆိုဒ်မှတဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ဧပြီ (၂၅) ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဘွဲ့လွန်ဒီပလိုမာ သင်တန်းတတ်ရောက်ရန်လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများဖြစ်ရန်လိုအပ်ပြီး အစိုးရဌာနများ၊ NGO အဖွဲ့များမှ ဘွဲ့ရဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှ ဘွဲ့ရဝန်ထမ်းများ ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရသူများနှင့် ဘွဲ့ရ Tourist Guide များလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းသည် တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားကာ သင်တန်းတတ်ရောက်ခွင့်ရသူများအား Email ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here