ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ် လာရောက်လည်ပတ်သူ ၁.၅ သန်းခန့်ရှိ

0
106

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခု ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် သက်တမ်းအားဖြင့် (၁၁၈) နှစ်ရှိပြီဖြစ်ကာ အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်တစ်ခုဖြစ်သည်။

တိရိစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက် သတ္တဝါ (၄၉) မျိုး ၊ ကောင်ရေ (၄၆၅) ကောင် ၊ ကျေးငှက် (၆၈) မျိုး ၊ ကောင်ရေ (၄၁၇) ကောင် ၊ တွားသွား သတ္တဝါ (၁၈) မျိုး ၊ ကောင်ရေ (၁၈၃) ကောင် ၊ စုစုပေါင်း တိရိစ္ဆာန် (၁၃၅)မျိုး ၊ ကောင်ရေ (၁၀၆၅) ကောင် တို့အား မွေးမြူ ထိန်းသိမ်းစောင့်ရှောက် ပြသလျက် ရှိကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ပြည်သူများ အပန်းဖြေ အနားယူရန်နှင့် ဗဟုသုတ ရှာမှီးနိုင်ရန် ၊ ကျောင်းသား/ကျောင်းသူများ သတ္တဗေဒ နှင့် ရုက္ခဗေဒ ဆိုင်ရာ ပညာရှာမှီးရာတွင် အထောက်အကူဖြစ်စေရန် ၊ တောရိုင်း တိရစ္ဆာန်ကျေးငှက်များထိန်းသိမ်းကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာပေးရန် ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် ရှားပါးသော တိရစ္ဆာန်ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အတွက် သားပေါက်မျိုးပွားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပြသလျက်ရှိသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၁ ဒသမ ၅ သန်းခန့်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here