မြန်မာနှစ်ကူး အထူးဓမ္မသဘင် ဒုတိယညတွင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ဘုရားမှ တရားဓမ္မများ ဟောကြားတော်မူ

0
83

မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင်၏ ဒုတိယည အခမ်းအနားတွင် မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ ၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဂန္ဓဝါစကပဏ္ဍိတ၊မဟာ စည် နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင်၊ တက္ကသီလဓမ္မာစရိယ B.A(Bud-dhism), M.A(Buddhist Studies, India), Ph.D(Sanskrit University India) မှ တရားဓမ္မများ ‌

ဟောကြားတော်မူသည့် မြင်ကွင်းကို အများပြည်သူ ကြည် ညိုသဒ္ဓါပွားတော်မူနိုင်ရန် ဓမ္မဒါနအနေဖြင့် ရိုက်ကူးမျှဝေအပ်ပါသည်။

ယမန်နေ့ ဧပြီ (၁၇) ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် နိုင် ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာ တော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က တရားရေအေးများတိုက်ကျွေးတော် မူခဲ့ပြီး မနက်ဖြန်  ဧပြီ (၁၉) ရက် မြန် မာနှစ်ဆန်း (၃) ရက်တွင် အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရက တရားဓမ္မဟောကြားတော်မူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here