ကြက်ငှက်တုပ်ကွေးက လူသားများထံကူးစက်နိုင်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆို

0
406

ဂျီနီဗာ၊ဧပြီ ၁၈

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြက်ငှက်တုပ်ကွေးရောဂါသည် လူသားများအပါအဝင် အခြားမျိုးစိတ်သစ်များကိုပါ ကူးစက်မှုများလာကာသေဆုံးမှု လည်းမျာလာသည့်အတွက် စိုးရိမ်စရာဖြစ်လာကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသောကြက်ငှက်တုပ်ကွေးရောဂါသည် ၂၀၂၀ ပြည့်နှစ်ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါရောဂါကြောင့် ကြက်ငှက်ကောင်ရေ သန်းနှင့်ချီ ၍သေဆုံးကာ တောတွင်းရှိငှက်များအပြင် ကုန်းမြေနှင့်အဏ္ဏဝါနို့တိုက်သတ္တဝါများ ကို ပါကူးစက်ခဲ့ ကြောင်းသိရသည်။

ပြီးခဲ့သည့်လမှစတင်၍ ကြက်ငှက်တုပ်ကွေးကူးစက်ခံရသည့်စာရင်းတွင်မပါဝင်သည့် နွားများနှင့်ဆိတ်များပါ ပါလာသဖြင့် ပညာရှင်များက အံသြ နေကြသည်။ သို့ဖြစ်၍ ကြက်ငှက်တုပ်ကွေးသည် ကမ္ဘာ့တိရစ္ဆာန်ဆိုင်ရာ ကူးစက်ရောဂါတစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

“အထူးစိုးရိမ်စရာကောင်းလာတာက ဘဲနဲ့ကြက်တွေပဲ မဟုတ်တော့ဘဲ နို့တိုက်သတ္တဝါတွေကိုပါကူး စက်လာလို့ မကြာခင်မှာ လူသားတွေကိုလည်းကူးစက်လာနိုင်ပါတယ်၊အဲ့ဒီကတစ်ဆင့် လူလူချင်းချင်းပါ ကူးစက်လာနိုင်တဲ့အနေအထားမျိုးမို့ စိုးရိမ်စရာပါ” ဟု ေပြာကြား ခဲ့သည်။

သို့သော်လည်း ယခုအချိန်အထိ လူအချင်းချင်းကူးစက်သည့် အထောက်အထားမျိုးကိုမူ မတွေ့ရသေးကြောင်းကို ဖော်ပြထားသည်။ ယင်းသို့ပြောကြားခဲ့သော်လည်း တိရစ္ဆာန်များမှတဆင့်လူသားများထံကူးစက်မှုကြောင့် လူသေဆုံးမှုမှာများလာ သည်ဟုသိရသည်။

၂၀၂၃ ခုနှစ်အစမှ ယခုနှစ်ဧပြီလ ၁ ရက်နေ့အထိ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် ကူးစက်မှု ဖြစ်ရပ်ပေါင်း ၈၈၉ ခုတွင် ၄၆၃ ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့ပြီး ရောဂါကြောင့်သေဆုံးမှုသည် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here