လာမည့်ရက်များအတွင်း အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်တော့မည်ဟု အမေရိကန်ဆို

0
68

အီရန်၏ ဒုံးကျည်နှင့် မောင်းသူမဲ့ လေယာဉ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)၊ အီရန်ကာကွယ်ရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းခဲ့သည့် နိုင်ငံတကာ ကုမ္ပဏီများအား အီရန်နိုင်ငံနှင့်အတူပင် ပိတ်ဆို့အရေးယူမှုများ ထပ်မံ ချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိက်ဆူလီဗန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့် အမေရိကန် ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးမှ ခေါင်းဆောင်များနှင့်အတူ အစ္စရေးကို အီရန်၏တိုက်ခိုက်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်နေကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

“လာမယ့်ရက်တွေမှာ အမေရိကန်က အီရန်ကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်တော့မှာ ဖြစ်သလို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်(IRGC) နဲ့ အီရန်ကာကွယ်ရေး ဝန်ကြီးဌာနကို ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေအပေါ်ကိုလည်း ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်သွားမှာပါ” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူလီဗန် ၏အဆိုအရ အမေရိကန်၏ မဟာမိတ်များနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကလည်း “၎င်းတို့၏ ကိုယ်ပိုင်ပိတ်ဆို့အရေးယူမှုများ”ကို လိုက်လံထုတ်ပြန်ကြလိမ့်မည်ဟု အမေရိကန်က မျှော်လင့်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here