သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် အခမဲ့မျက်စိခွဲစိတ်ကုသပေးမည်

0
60

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လာမည့် မေလ(၆)ရက်မှ စတင်၍ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အခမဲ့ခွဲစိတ်ကုသပေးမှုသည် (၅၃)ကြိမ်မြောက် ကုသပေးခြင်းဖြစ်ပြီး၊ မေလ( ၆)ရက်မှ မေလ (၈) ရက်အထိ သုံးရက်ကြာ ကုသပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် ခွဲစိတ်ခန်းအပါအဝင် ခွဲစိတ်ခန်းသုံးပစ္စည်းများအား သန့်ရှင်းရေးများဆောင်ရွက်နေပြီး ၊ ကုသခံယူမည့်သူများအနေဖြင့် မေလ(၁)ရက်တွင် စတင်စာရင်းပေးသွင်းနိုင်ပကြာင်း သိရသည်။

အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်တွင် ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလမှစတင်ကာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂ ၂ခုနှစ်၊ မေလတွ င် (၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွ က်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here