၂၀၁၉ ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ (၉၆) ခု ကျန်ရှိနေ

0
130

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကုမ္ပဏီ (၉၆) ခုကျန်ရှိနေသေးကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် မည်သူမျှ ပို့ကုန်ရငွေအား လုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားသည်။

ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ အားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့်နေ့မှ (၆)လအတွင်း နိုင်ငံတော်အတွင်းရှိ ၎င်းတို့၏ ဘဏ်ငွေ စာရင်းအသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး ယနေ့အထိ ပို့ကုန်ရငွေ အားလုံးကို လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာ ဘဏ်စာရင်းတွင် ပြန် လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပ ဏီ(၉၆)ခုရှိသည်ကို စီစစ်တွေ့ ရှိရကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနက အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့် ရက်မှ ရ က်ပေါင်း(၉၀)အတွင်း ပို့ကုန် ရငွေအားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုး ဆော်ထားပြီး ယင်းကာလအတွင်း ထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ အရ လည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ ပြ ဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာနိုင် ငံတော်ဗဟိုဘဏ် Website တို့တွင် ထုတ်ပြန်ကြေညာထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here