(၁၆) ကြိမ်မြောက် EPS – TOPIK စာမေးပွဲဖြေဆိုမည့်သူ များ သတိပြုလိုက်နာရမည့် အချက်များထုတ်ပြန်

0
155

ယခုဧပြီလကုန်တွင် ကျင်းပမည့် (၁၆) ကြိမ်မြောက် EPS – TOPIK စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် သတိပြုလိုက် နာရမည့် အချက်များကို အစိုးရ ပြည်ပအလုပ်အကိုင်အေ ဂျင်စီက ထုတ်ပြန်ထားသည်။

အဆိုပါ စာမေးပွဲဖြေဆိုမည့် သူများအနေဖြင့် စာမေးပွဲဖြေဆိုမည့်နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သေချာစွာမှတ်သားထားရန်၊ နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာရန်၊ အရက်သေစာ သောက်စားမူးရစ်နေသူများ စာ မေးပွဲအခန်းသို့ ဝင်ရောက်ခွင့်ရှိမည် မဟုတ်ကြောင်း အသိပေးထားသည်။

ယင်းစာမေးပွဲ ကျင်းပမည့်နေရာမှာ အစိုးရပြည်ပအလုပ်အ ကိုင်အေဂျင်စီရုံး၊ ပင်လုံခန်းမ (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမျိုးသားများ အနေဖြင့် ရှပ်အင်္ကျီနှင့် ပုဆိုးဝတ်ဆ င်လာရန်၊ အမျိုးသမီးများအနေဖြင့် မြန်မာဝတ်စုံဝတ်ဆင်လာရန် အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ယခုတစ်ကြိမ်တွင် ကျင်းပမည့် ကိုရီးယားဘာသာအရည်အ ချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုရန် မှတ်ပုံတင်ကြေး ပေးသွင်းသူ ဦးရေသည် ၉၀,၀၀၀ နီးပါးရှိနေကြောင်း၊ စာ မေးပွဲဖြေဆိုရန် လျှောက်လွှာတင်သွင်းသူ တစ်သိန်းကျော်ရှိခဲ့ပြီး မှတ်ပုံတင်ကြေးပေးသွင်းသူလျော့နည်းသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK) ဖြေဆိုသူ ၃၅,၀၀၀ ခန့်သာရှိခဲ့ပြီး ယ ခုနှစ်တွင် နှစ်ဆကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

EPS-TOPIK စာမေးပွဲကို ဧပြီလကုန်မှ စက်တင်ဘာလလယ်အထိ လုပ်ငန်းအမျိုးအစားအလိုက်ပြုလုပ်မည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here