မုံရွာ အကျဉ်းထောင်မှ အကျဉ်းသား (၁၈) ဦးပြစ်ဒဏ်လွတ် ငြိမ်းခွင့်ရ

0
76

မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ (၁၇)ရက်တွင် နိုင်ငံတစ် ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၃၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ မုံရွာအကျဉ်းထော င်မှ အကျဉ်းသား (၁၈) ဦးပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြော င်းသိရသည်။

နိုင်‌ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂ ၀၂၄) အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ရရှိသူ ( ၉၈ ) ဦးရှိကြောင်း အကျဉ်းဦးစီး ဌာန၊ စစ် ကိုင်းတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးထံမှ သိရသည်။

မုံရွာ အကျဉ်းထောင်တွင် အကြောင်း အမျိုးမျိုးကြောင့် ပြ စ်ဒဏ်ကျခံနေရသူများအနက်မှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ( ၄၀၁ ) ပုဒ်မခွဲ (၁ )အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည် ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူ (၁၈) ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၃၃) ဦးနှ င့် ကသာအကျဉ်းထောင်မှ အကျဉ်းသား (၇) ဦးလည်း နစ က၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြန်လွတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here