သင်္ကြန်ကာလအတွင်း YBS ယာဉ်များယာဉ်စီးခပိုမိုကောက်ခံမှုများရှိခဲ့

0
102

သင်္ကြန်ပွဲတော်ကာလအတွင်း YBS ယာဉ်များယာဉ်စီးခပိုမကောက်ရန် ညွှန်ကြားထားသော်လည်း YBS ယာဉ်လိုင်းအချို့ ပိုမိုကောက်ခံမှုများရှိနေကြောင်း ခရီးသည်များ၏ ပြောပြချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းမှ ယာဥ်စီးရေလျှော့၍ ပြေးဆွဲမည်ခဲ့ပြီး ယာဥ်စီးခကိုလည်း ပုံမှန်အတိုင်းသာ ကောက်ခံရန်အတွက် YRTC မှ YBS ယာဥ်လိုင်းများသို့ ညွှန်ကြားထားပြီးဖြစ်သည်။

သို့သော် YBS ယာဉ်လိုင်းအချို့သည် သတ်မှတ်ထားသည့် ယာဉ်စီးခ အတတ်၊ အဆင်း ၅၀၀ မှ ၁၀၀၀ ကျပ်သို့ ကောက်ခံမှုများရှိကြောင်း သိရသည်။

“ကားခတွေပိုမကောက်ဖို့ ကြားတာပဲ။ ဒါပေမယ့် ဟိုသည်နားသွားရင် ၅၀၀၊ အဲဒီထက်ဝေးရင် ၁၀၀၀ တောင်းတယ်။ ဒါကမဖြစ်သင့်ဘူး”ဟု YBS စီးခရီးသည်တစ်ဦးကပြောသည်။

YBS ယာဥ်များ သင်္ကြန်ကာလအတွင်း ယာဥ်စီးခ ပိုတောင်းပါက ယာဥ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်သင်္ကြန်ကာလအတွင်း ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ်လိုင်း ၁၄ လိုင်းကို ပြေးဆွဲခွင့် တစ်လ ပိတ်၍ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here