ထိုင်း၏ဝင်​ငွေသည်ဆုန်ခရွန်​ရေသဘင်ပွဲ​မှ ဘတ် ၄ဘီလီယံနီးပါးရနိုင်

0
113

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ TAT သည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီမှ ဇွန်လအထိ) စုစုပေါင်းခရီးသွားလုပ်ငန်းမှ ၀င်ငွေ ဘတ် ၆၁၃.၆  ဘီလီယံအထိ မျှော်မှန်းထားကြောင်း  (TAT) ၏ အုပ်ချုပ်ရေးမှူး မစ္စ Thapanee Kiatphaibool က ပြောကြားခဲ့သည်။

ဤတိုးတက်မူနောက်ကွယ်မှအဓိကအကြောင်းရင်းများမှာ ဧပြီလ ၁ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် “မဟာသင်္ကြန်ကမ္ဘာ့ရေပွဲတော် ၂၀၂၄” ​ကြောင့်ဖြစ်သည်။

မဟာသင်္ကြန်ပွဲတော် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်မှ ၁၆ ရက်အတွင်း ခရီးသွားလာရေးနှင့် ခရီးသွား လုပ်ငန်းများကို ပိုမို ဆွဲဆောင်နိုင်မည်ဟု TAT မှ မျှော်လင့်ထားပြီး စုစုပေါင်း ခရီးသွားဝင်ငွေ ဘတ် ၂၄.၄၂ ဘီလီယံ ရရှိကာ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈% တိုးလာမည်ဟု TAT မှ မျှော်လင့်ထားသည်။

နိုင်ငံတကာ ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၈ ဒသမ ၇၆ ဘီလီယံနှင့် ပြည်တွင်း ခရီးသွားလုပ်ငန်းမှ ဘတ် ၁၅ ဒသမ ၆၆ ဘီလီယံ၊ ဧည့်သည် ဝင်ရောက်မှု ၅၁၀,၀၀၀ ခန့်မှန်းထားသည်။

ဘန်ကောက်ရှိ ဆုန်ခရွန်ပွဲ​ကြောင့်ဝင်ငွေ ဘတ် ၃.၆၉ ဘီလီယံရရှိမည်ဟု မျှော်လင့်ထားသည်။

ဘန်​ကောက်၏ ​ခေါက်ဆန်လမ်းနှင့်စီးလုံလမ်း တို့တွင်လည်း နိုင်ငံခြားသားများဖြင့်စည်ကား​အောင်မြင်ခဲ့သည်။

နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၈,၂၇၂,၃၀၀ ဦး မျှော်မှန်းထားပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ်နှင့်ယှဥ်ပါက ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

၎င်းအ​ရေအတွက်သည် ဘတ်ငွေ ၃၆၇.၉ ဘီလီယံ ရရှိမည်ဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၉ ခုနှစ်၏ ၉၅ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်သည်။

Source: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here