ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၃၃) ဦးနှင့် ကသာအကျဉ်းထောင်မှ အကျဉ်းသား (၇) ဦး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ရ

0
52

ယနေ့ ဧပြီလ (၁၇) ရက် ၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နစက အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား (၃၃၀၃) ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ရာရွှေ ဘို အကျဉ်းထောင်မှ အကျဉ်းသား (၃၃) ဦးနှင့် ကသာအ ကျဉ်းထောင်မှ အကျဉ်းသား (၇) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်း သား (၃၁) ဦးနှင့်အကျဥ်းသူ (၂)ဦးနှင့် ကသာအကျဉ်းထော င်မှ အကျဉ်းသား (၇) ဦး လွတ်ငြိမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရသူ (၃၃၀၀) ကျော်အနက် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များမှ ပြစ် ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ ( ၉၈ ) ဦးရှိကြောင်း အကျဉ်းဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးထံမှ သိရသည်။

အလားတူ မန္တလေးတိုင်းအတွင်းမှ ၅၀၀နီးပါးနှင့် ရန်ကုန် အ င်းစိန်ထောင်မှ အကျဉ်းသား (၉၀၀) ကျော် လွတ်ငြိမ်းချမ်း သာခွင့်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည့် အကျဉ်းသားများအနက် နိုင်ငံရေးအရ အကျဉ်းကျခံရသည့် အကျဉ်းသား အ နည်းငယ်သာ ပြန်လည်ပါဝင်ပြီး အများစုမှာ ရာဇဝတ်ပြစ်မှုများဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများဖြစ် ကြောင်း စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here