အီရန်ကိုထပ်မံ ဒဏ်ခတ်ပိတ်ဆို့မည်–ကန်ဘဏ္ဍာရေးဝန်ကြီး

0
81

ဝါရှင်တန်၊ဧပြီ ၁၇

အီရန်က အစ္စရေးကိုတိုက်ခိုက် သဖြင့် အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှု များကို ထပ်မံပြုလုပ်ရန်စီစဉ်နေကြောင်း ကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယယ်လင်ကပြောကြားခဲ့သည်။

“အီရန်​ရဲ့မတည်မငြိမ်ဖြစ်စေတဲ့အပြုအမူကို ထိန်းချုပ်ဖို့ ဘဏ္ဍာရေးနဲ့နိုင်ငံခြားရေးဌာနအနေနဲ့ အီရန်ရဲ့ရေနံတင်ပို့နိုင်မှုကိုလျှော့ချတာတွေလည်း အရင်ကလုပ်ဆောင်ခဲ့ဖူးကြောင်း” ယယ်လင်ကပြောကြားခဲ့သည်။

သို့သော် အီရန်အနေဖြင့် ရေနံတင်ပို့မှုအား ရပ်ဆိုင်းလိုက်ခြင်းမရှိသလို ဆက်လက်တင်ပို့နေဆဲဖြစ်ပြီး အမေရိကန်အနေနှင့် ရေနံပိတ်ဆို့မှုအပြင် တခြားလုပ်နိုင်တာတွေလည်းရှိဦးမှာပါဟုမစ္စယယ်လင်ကဆိုသည်။

“အမေရိကန်ဘက်က ဘယ်လိုပိတ်ဆို့မှုတွေလုပ်မလဲ ကြိုမပြောချင်ပေမယ့် ဒဏ်ခတ်ပိတ်ဆို့တာကိုတော့လိုအပ်လာရင် ထုတ်သုံးရမယ့်နည်းလမ်းတစ်ခုအနေနဲ့ထားထားပါတယ်” ဟုလည်းဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က အစ္စရေးနိုင်ငံအပေါ် အီရန်၏တိုက်ခိုက်မှုနှင့် ဂါဇာ၊လက်ဘနွန်၊ယီမင်နှင့် အီရတ်ရှိ စစ်သွေးကြွအုပ်စုများအား အီရန်၏ငွေကြေးထောက်ပံ့မှုများသည် အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးအားခြိမ်းခြောက်ခဲ့ပြီး စီးပွားရေးကိုယိုယွင်းစေနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

အီရန်သည် အစ္စရေးအား လက်တုန့်ပြန်သည့်တိုက်ခိုက်မှုကို စနေနေ့ကပြုလုပ်ခဲ့ပြီး အစ္စရေးပိုင်နက်အတွင်းသို့ ဒရုန်းအစင်းပေါင်းများစွာပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုတိုက်ခိုက်မှုသည် အီရန်က အစ္စရေးသို့ ပထမဆုံးပြုလုပ်သည့် စစ်ရေးအရတိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here