နေထက် ၃၃ဆ ပိုမိုကြီးမားသော တွင်းနက်ကြီးတစ်ခု ကမ္ဘာနှင့် နီးကပ်စွာရှိနေကြောင်း တွေ့ရှိ

0
171

နေမိသားစုအလယ်ဗဟိုရှိ နေမင်းကြီးထက် ၃၃ ဆမျှ ပိုမိုကြီးမားသော တွင်းနက်(Black Hole)ကြီတစ်ခုသည် ကမ္ဘာနှင့် နီးကပ်သောနေရာတွင် ပုန်းအောင်းတည်ရှိနေခြင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြသည်။

လက်ရှိအချိန်အထိ နေထက် ၁၀ ဆကျော်မျှသာ ကြီးမားသော တွင်းနက်များကို ရှာဖွေတွေ့ရှိခဲ့ကြရာ ယခုနောက်ဆုံး ရှာဖွေတွေ့ရှိသော တွင်းနက်ကြီးသည် လူတို့ရှာဖွေတွေ့ရှိသမျှအနက် အကြီးမားဆုံးတွင်းနက်ကြီးဖြစ်ကာ၊ ဥရောပအာကာသအေဂျင်စီမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တွင်းနက်ကြီးကို Gaia BH3 ဟုအမည်ပေးထားပြီး ၎င်းသည် Aquila ကြယ်စုအနီးတွင် တည်ရှိနေခြင်းဖြစ်သည်။

ယင်းတွင်းနက်ကြီးသည် လက်ရှိအချိန်တွင် ကမ္ဘာမှ အလင်းနှစ် ၂၀၀၀ ခန့်အဝေးတွင် တည်ရှိနေသော်လည်း၊ နက္ခတ္တဗေဒပညာအရမူ ယင်းသည် အလွန်နီးကပ်သော အကွာအဝေးဖြစ်ကြောင်း ဥရောပတောင်ပိုင်းနက္ခတ်တာရာသုတေသီများအဖွဲ့ကဆိုသည်။

တွင်းနက်(Black Hole)ဆိုသည်မှာ နေကဲ့သို့ ကြီးမားသော ကြယ်တစ်ခု ပျက်စီးယိုယွင်းသွားလျှင်ဖြစ်ပေါ်လာတတ်သည့် အရာဖြစ်ပြီး၊ ဆွဲငင်အား အဆမတန်ပြင်းထန်ကာ သာမန်ဒြပ်ပစ္စည်းများကိုသာမက အလင်းရောင်ကိုပင်လျှင် ဆွဲငင်စုတ်ယူသွားနိုင်သဖြင့် တွင်းနက် ဟု အမည်တပ်ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ တွင်းနက်ကြီးကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာနေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here