စင်္ကာပူ ဝန်ကြီးချုပ်သစ်အဖြစ် ဒုတိယ၀န်ကြီးချုပ် လောရင့်စ်ဝေါင်းက နောက်လတွင်တာဝန်ထမ်းဆောင်တော့မည်

0
87

အသက် ၅၁ နှစ်ရှိ လောရင့်စ်ဝေါင်းသည် ဝန်ကြီးချုပ်ရာထူးကို နှစ် ၂၀ သိမ်းပိုက်ထားသည့် လီရှန်လွန်း ၏နေရာကို မေလ ၁၅ရက်နေ့တွင် ဆက်ခံမည်ဖြစ်သည်။

စင်္ကာပူ၏ကူးစက်ရောဂါတုံ့ပြန်မှုအပေါ်သူ၏ကိုင်တွယ်ဖြေရှင်းမှုအတွက်ချီးကျူးခံရသော ဝေါင်း ကိုအာဏာရပါတီကသူ့အား“ 4G” သို့မဟုတ်စင်္ကာပူနိုင်ငံရေးစတုတ္ထမျိုးဆက်ခေါင်းဆောင်အဖြစ်၂၀၂၂ ခုနှစ်ထဲကရွေးချယ်ထားပြီး လီရှန်လွန်းနေရာအစားထိုးဖို့ လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

အာဏာရပါတီသည် ယမန်နှစ်ထဲကရွေးချယ်ထားသည့် ဝေါင်းကို ခေါင်းဆောင်နေရာတင်ခြင်းမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီလုပ်စရာရှိသည်တို့လုပ်နိုင်ရန်ဖြစ်သည်။

ဝန်ကြီးချုပ် လီရှန်လွန်းသည် ဝန်ကြီးချုပ်မလုပ်တော့သော်လည်း အစိုးရအဖွဲ့တွင် အကြီးတန်းဝန်ကြီးအဖြစ်ရှိနေမည်ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ပြီးမှသာ အပြောင်းအလဲများ မြင်တွေ့ရမည်ဟု ဆိုသည်။

လက်ရှိတွင် အစိုးရအဖွဲ့အတွင်းအပြောင်းအလဲများစွာ ရှိမည်မဟုတ်ကြောင်း ဒုတိယဝန်ကြီးချုပ် Lawrence Wong က အင်္ဂါနေ့ (ဧပြီ ၁၆ ရက်) တွင် ပြောကြားခဲ့သည်။

Ref: aljazeera
CNA


LEAVE A REPLY

Please enter your comment!
Please enter your name here