ယနေ့ CBM က အမေရိကန်ဒေါ်လာ (၃) သန်း၊ တရုတ်ယွမ် (၂)သန်း နှင့် ထိုင်းဘတ် သန်း (၄၀) ထုတ်ရောင်းမည်

0
96

ယနေ့ ဧပြီ (၃)ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၃) သန်း၊ တရုတ်ယွမ် (၂) သန်း နှင့် ထိုင်းဘတ် သန်း (၄၀) ကို (၇) ကြိမ် မြောက်အနေဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဖေဖော်ဝါရီ (၂) ရက်တွင် ဒေါ်လာ (၅) သန်းနှင့် ထိုင်းဘတ်သန်း (၅၀)၊ မတ်လ (၅) ရက်တွင် တရုတ်ယွမ် (၇) သန်းနှင့် ထိုင်းဘတ် (၁၂) သ န်း၊ မတ်လ (၉) ရက်တွင် ထိုင်းဘတ်သန်း (၅၀)၊ မတ်လ (၁ ၄) ရက်တွင် ဒေါ်လာ (၅) သန်း ၊ မတ်လ (၂၂) ရက်တွင် တ ရုတ်ယွမ် (၅) သန်း နှင့် ထိုင်းဘတ် သန်း (၅၀) ၊ မတ်လ (၂၈) ရက်တွင် အမေရိကန်ဒေါ်လာ (၃)သန်းကိုထုတ်ရောင်းပေးပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်သာရှိနေသည့် ဒေါ်လာဈေးနှုန်းသည် ဖေဖော် ဝါရီလမှစတင်ကာ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ဧပြီ (၃) ရက်တွင် တစ်ဒေါ်လာ ၃၈၈၀ ကျပ် ရောက်ရှိနေပြီဖြစ်သည်။

အလားတူ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် မြန်မာငွေ ၅၂၆ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ၁၀၄ ကျပ်၊ စင်္ကာပူ​တစ်ဒေါ်လာ ၂၈၃၀ကျပ်အထိအသီးသီး ဈေးမြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here