ပဲနွယ်ကုန်းဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း (၄၃၀) ကျော် မီးလောင်ဆုံးရှုံး

0
99

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့ရှိ စည်ပင်သာယာဈေးကြီးသည်
ဧပြီ (၂) ရက်၊ ည (၆)နာရီ (၅၀)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ ဈေးကြီးတစ်ခုလုံးနှင့် အနီးနားရှိ ဆိုင်ခန်းများပါ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည (၉)နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း (၄၉၃)ခန်း ရှိသ ည့်အနက်မှ (၄၃၅) ခန်းမှာ မီးလောင်ကျွမ်းခံခဲ့ရပြီး နေအိမ် (၉) လုံး အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးတို့ မီးကူးစက်လောင်ကျွ မ်းခဲ့ရကြောင်း ကနဦး သတင်းများအရ သိရသည်။

အဆိုပါ စည်ပင်သာယာဈေးကြီး မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှု တန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေး တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here