သင်္ကြန်မတိုင်ခင်အထိ အဝေးပြေးကားလက်မှတ်များဝယ် ယူမှုမြင့်တက်နေ

0
85

မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နယ်ပြန်မည့်သူများအနေဖြင့် ကြိုတင်လက်မှတ်ဝယ်ယူမှု မြင့်တက်နေကြောင်း လက်မှတ်အရောင်းဌာနများ၏ ပြောပြချက်အရ သိရသည်။

ယင်းကဲ့သို့ ကြိုတင်ဝယ်ယူမှု မြင့်တက်နေသည့်အတွက် သ င်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ရန်ကုန်မှတဆင့်အခြားတို င်းနှင့် ပြည်နယ်အသီးသီးသို့ ပြန်ကြမည့်သူများအတွက် ကားလက်မှတ် အရောင်းဌာနအချို့ လက်မှတ်များရောင်းကုန်နေကြောင်းလည်း သိရသည်။

” လက်မှတ်တွေကိုတော့ မတ်လကုန်လောက်တည်းက စရောင်းပေးနေပြီ။ ခရီးစဉ်တော်တော်များများလည်းရောင်းကုန်နေပြီ။ ဒီတစ်ခေါက် သင်္ကြန်ကားလက်မှတ်ဝယ်သူကအများဆုံးပဲ”ဟု ကားလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ခရီးသွားမည့်သူများအနေဖြင့် မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာများကို တပါတည်း ယူ ဆောင်လာရန် ယာဉ်လိုင်းများက ကြိုတင်အသိပေးထား သည်။

” သင်္ကြန်နယ်ကို ပြန်ဖို့အတွက် လက်မှတ်ကို အခုကတည်း က ကြိုဖြတ်ထားရတယ်။ အနားနီးမှဆို အဆင်မပြေဘူး။ ဝယ်မရတာတို့ ကုန်တာတို့ ဖြစ်ကုန်ရော”ဟု လက်မှတ်ဝယ် ယူသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလ အဝေးပြေးယာဉ်များ ပြေးဆွဲမှုမှာ ဧပြီလ (၁၀) ရက်အထိသာ ယာဉ်လိုင်းအားလုံး ပြေးဆွဲပေးမည်ဖြစ်ပြီး (၁၁) ရက်နှင့် နောက်ပိုင်းတွင် ယာဉ်လိုင်းအချို့ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ YRTC မှ တာဝန်ရှိသူတစ်ဦးက သင်္ကြန်ကာလ ကားလက်မှတ်များ လုံလောက်အောင်ရောင်းချပေးရန်နှင့် ဈေးတင်မရောင်းရန် ယာဉ်လိုင်းအသီးသီးကို ပြီးခဲ့သည့်လအတွင်းက ညွှန်ကြားထားကြောင်း သိရသည်။

သို့သော် ယခုနှစ်တွင် လက်မှတ်ခနှုန်းထားများလည်း ယခင်နှစ်များထက် အနည်းငယ်ဈေးပိုပေး၍ ဝယ်ယူရကြောင်း လ က်မှတ်ဝယ် ယူသူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here