‌တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ ဒုချုပ်သွားရောက်ကာသင်တန်းသားများနှင့်တွေ့ဆုံ

0
146

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဧပြီလ (၂) ရက် နံနက်ပိုင်းက ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအားတပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ရှိ အောင်ဆန်းခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် ၎င်းက ၂၀၀၁ မတိုင်မီနှင့် ယနေ့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေး အခြေအနေများ၊ ကမ္ဘာနှင့်အဝန်း နိုင်ငံရေး၊ စီးပွားရေး၊စစ်ရေး ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်မတော်သားအားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား တိုးမြှင့်ရန် လိုအပ်မှု အခြေအနေများနှင့် တိုက်ပွဲစွမ်းရည် တိုးတက်မှုရှိစေရေး ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင်တွင် လိုက်နာအကောင် အထည်ဖော်ရန် လိုအပ်မှုအခြေအနေများနှင့် ရန်သူကျင့်သုံးနေသည့် စစ်နည်းဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍လည်း မှာကြားခဲ့ကြောင်းသိရသည်။

မိမိဆန္ဒ အလျှောက် တပ်မတော်သို့ ဝင်ရောက်လာသူများဖြစ်ကြသူများပီပီ မိမိသည် မည်သည့်အတွက် တပ်မတော်သို့ ဝင်ရောက်လာခဲ့သည်ကို အမြဲမပျက်ဆင်ခြင်ရန်နှင့် တရားသဖြင့် ပေးအပ်သည့် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်မှုအခြေအနေများကိုလည်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့နှင့် ပတ်သက်၍ အာဏာတည်သက်ဝင်စေမှု အခြေအနေနှင့် ပတ်သက်၍လည်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများအပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်အခြား အခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးတို့က သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြများအား လိုအပ်သည့်သင်ခန်းစာများကို ဆွေးနွေးကြရာ သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြအရာရှိများမှလည်း မရှင်းလင်းသည့် အချက်များနှင့်သိရှိလိုသည်များကို မေးမြန်းမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here