သင်္ကြန်ကာလ စင်းလုံးအငှားကားဈေးကွက် ပြန်ဖြစ်နေဟုဆို

0
80

လာမည့် သင်္ကြန်ပွဲတော်ကာလအတွက် ကားစင်းလုံးငှားဈေးကွက် ပြန်ဖြစ်နေကြောင်း ကားအငှားဈေးကွက်မှ သိရသည်။

ရန်ကုန်သင်္ကြန် ကာလအတွက် မော်တော်ယာဉ်အငှားလုပ်ငန်းများ စတင်လုပ်ကိုင်လာရပြီး သင်္ကြန်လည်ပတ်ရန်ထက် နယ်ဝေးခရီးသွားရန် စင်းလုံးအငှားကားလုပ်ငန်းများ အလုပ်အကိုင်ပြန်လည်ကောင်းမွန်နေခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ကြန်လည်ဖို့ထက် နယ်ဘက်တွေကို အငှားများနေတယ်။ တချို့ကစုပြီး နယ်ကိုပြန်ကြတာရှိသလို ဘုရားဖူး၊ ခရီးသွားတာတွေအတွက် ငှားကြတာများတယ်။ ကားလက်မှတ်ကလည်း သင်္ကြန်နားနီးရင် ဝယ်ရခက်တော့ စုပြီးငှားကြတာများတယ်” ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူတစ်ဦးကပြော သည်။

ပြီးခဲ့သည့် ကိုဗစ်ကာလ မတိုင်ခင် သင်္ကြန်ကာလ၌ ကားဖြင့် ရေပက်ခံရန်အတွက် ကားငှားရမ်းခ ဈေးနှုန်းများသည် ၁ ရက်လျှင် (၁) သိန်းခွဲမှ (၂) သိန်းကျပ်အထိရှိခဲ့ပြီး လက်ရှိတွ င် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ယခင်ကထက် ဈေးနှုန်းပို၍များမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်မတိုင်ခင် ကာလတွင် သင်္ကြန်ကာလ ကားဖြင့် ရေပက်ခံရန်အတွက် (၁) လကြိုတင်၍ ကားငှားရမ်းကြသော်လည်း လက်ရှိတွင် သင်္ကြန်လည်ရန် ကားငှားရမ်းသူ မရှိသေးကြောင်း ကားအငှားလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here