Myanmar Women League 2024 ပြိုင်ပွဲအတွက် ရှမ်းယူနိူက်တက်အမျိုးသမီးအသင်းသို့ ဒေသခံကစားသမား (၇၀)ဦး လာရောက် ရွေးချယ်ခံ

0
77

Myanmar Women League 2024 ပြိုင်ပွဲအတွက် ရှမ်းယူနိူက်တက် အမျိုးသမီးအသင်းမှ ကစားသမားများအား ရွေးချယ်ခေါ်ယူခဲ့ရာ လူရွေးပွဲသို့ ဒေသခံ အမျိုးသမီးကစားသမား (၇၀)ဦး လာရောက်ရွေးချယ်ခံခဲ့ကြောင်းသိရသည်။

အဆိုပါ ကစားသမားရွေးချယ်ပွဲအား မတ်လ (၂၁)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူရွေးပွဲတွင် လာရောက်ရွေးချယ်ခံသည့် ဒေသခံအမျိုးသမီးကစားသမား (၇၀)ဦးအနက် (၂၅)ကို ဇကာတင်ရွေးချယ်သွားမည်ဖြစ်ကြောင်း အသင်းနည်းပြ ဒေါ်အိအိ‌အောင်က ပေါ်ပြူလာနယူစ်းသို့ ပြောသည်။

ရွေးချယ်ခံကစားသမားများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်မည့် ” 2024 Myanmar Women League ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ခလ့ကျင့်ပြင် ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အသင်းဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း တဆက်တည်း ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

“ရှမ်းပြည်နယ်မှာ ခြေစွမ်းခြေစ ကောင်းတဲ့ အမျိုးသမီးဘောလုံးသမားတွေ အများကြီးရှိတယ်။ အခုလူရွေးပွဲမှာ အဲဒီ ကစားသမားတွေလာအရွေးခံမယ်လို့ မျှော်လင့်ပါတယ်။ ကတိပေးနိုင်တာက ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းဟာ ရှမ်းအမျိုးသားအသင်းလိုပဲ အောင်မြင်ရမယ်။ ပရိသတ်တွေ ဂုဏ်ယူရတဲ့အသင်း ဖြစ်ရမယ် ” ဟု အသင်းမန်နေဂျာ ဦးသီဟစည်သူ က လူရွေးပွဲနှင့်ပတ်သက်၍ အသင်းကိုယ်စား ပြောကြားထားသည်။

ကျင်းပပြီးစီးခဲ့သည့် မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြို င်ပွဲ လေးကြိမ်တွင် မြဝတီအသင်းနှင့် ISPE အသင်းတို့က ချန်ပီယံဆုနှစ်ကြိမ်စီ ရရှိထားပြီး မြဝတီအမျိုးသမီးအသင်းက ၂၀၂၃ ခုနှစ်တွင် ထပ်မံချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းကြောင့် မြန်မာအမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းများအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here