ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာအနီးရှိမြေ စာပုံ၌ ယမန်နေ့ မတ်လ (၂၃)ရက် ညနေပိုင်းအချိန်တွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန်၍ေ-သ ဆုံးသည့်ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ေ-သဆုံးသူမှာ အသက် (၆၄) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရုပ်အလေ-ာင်းအား ၎င်းနေထိုင်ရာ မျောက်ဖြူကျေးရွာရှိ နေအိမ်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
ေ-သဆုံးသူအမျိုးသားသည့် ယမန်နေ့ ညနေပိုင်းက အမြင့်ပေ(၅၀၀)ခန့်ရှိသည့် မြေစာပုံအောက်တွင် ကျောက်ရှာဖွေနေစဉ် အပေါ်မှပြု-တ်-ကျလာသည့် ကျောက်တုံးက ဦးခေါင်းအား ထိမှန်ကာေ-သဆုံးခဲ့ခြင်း ဖြစ်သည်။
” သူ့အိမ်ကိုပြန်ပို့ပြီး နာရေးအတွက် ပြင်ဆင်နေပါတယ်။ ဒီလိုအရွယ်တွေကအနားယူသင့်ပြီလေ။ မိသားစု စားဝတ်နေရေးကြောင့် လုပ်ရင်းဖြစ်တာဆိုတော့ စိတ်ထဲမကောင်းဘူး။ ဒီမှာကတော့ ေ-သမြေကြီး ရှင်ရွှေထီးလိုဆိုတော့ ရိုးနေကြပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခု မတ်လ(၄)ရက်ကလည်း ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ မြေစာပုံတစ်ခု၌ ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး မြေစာကား မြေစာသွန်ချိန် ကျောက်ခဲထိမှန်၍ ေ-သဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။
အလားတူ မတ်လ(၁၂)ရက် နံနက်(၄) နာရီအချိန်ခန့်က ဖားကန့်မြို့၊ မနမှော်တွင် အနက်ပေမှာ(၁၀၀)အလျား (၅၀၀)နှင့် အနံ(၃၀၀)ရှိသည့် နွံ့ကန်ပြိုကျမှုကြောင့် ကုမ္ပဏီလုပ်သား ဆယ်နှင့်ချီကာ နစ်မြှပ်ေ-သဆုံးခဲ့ပြီး အလေ-ာင်းသုံးလေ-ာင်းသာ ရှာဖွေတွေ့ရှိကာ ကျန်ရုပ်အလေ-ာင်းများ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
ပုံစာ – ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေနေသူများကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုဖြိုးထက်ကျော်)
