တနင်္လာနေ့၌ ဂါဇာအပစ်အခတ်ရပ်စဲရေးရရှိရန်မျှော်လင့်–သမ္မတဘိုင်ဒင်

0
316

နူးယော့ခ်၊ဖေဖော်ဝါရီ ၂၇

နောက်တစ်ပတ်တနင်္လာနေ့၌ ဂါဇာတွင်အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ကြောင်း အမေရိကန်သမ္မတဘိုင်ဒင်ကပြောကြားခဲ့သည်။

ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများ ပြင်းထန်လာနေချိန်၌ အီဂျစ်၊ကာတာ၊အမေရိက၊ပြင်သစ်နှင့် အခြားနိုင်ငံအတော်များများမှ ကိုယ်စားလှယ်များသည် အစ္စရေးနှင့်ဟားမတ်စ်ကြားရှိတိုက်ပွဲများရပ်တန့်ရန်နှင့် ဂါဇာ၌ထိန်းသိမ်းထားသည့် အစ္စရေးဓ-ါးစာခံများလွတ်မြောက်ရေးကို ကြိုးပမ်းလျက်ရှိကြသည်။

ယခုသဘောတူညီချက်၌ အစ္စရေးထိန်းသိမ်းထားသည့် ပါလက်စတိုင်း အကျဉ်းသားရာပေါင်းများစွာကို ဓ-ားစာခံ ဒါဇင်ပေါင်းများစွာနှင့်လဲလှယ်ပေးနိုင်ကြောင်းလည်းသိရသည်။

ဂါဇာအပစ်အခတ်ရပ်စဲရေး၊ဓ-ါးစာခံများလွတ်‌မြောက်ရေးများနှင့်ပတ်သက်ပြီး ပါတီအသီးသီးမှကိုယ်စားလှယ်များသည် ပြီးခဲ့သည့်အပတ်က ပါရီတွင်တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေးကဆိုခဲ့သည်။

အစ္စရေး – ဟားမတ်စ်စစ်ပွဲအတွင်း အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဒေသခံပေါင်း ၂၉,၇၈၂ ဦး‌ေ-သဆုံးခဲ့ပြီဖြစ်ကာ ဟားမတ်စ်၏တိုက်ခိုက်မှုကြောင့်လည်း အစ္စရေးနိုင်ငံသား ၁,၁၆၀ ဦး‌ေ-သဆုံးခဲ့ကာ ဟားမတ်စ်တို့သည် ဓ-ါးစာခံများကိုလည်းဖမ်း-ဆီးသွားခဲ့သည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here