Friday, May 30, 2025

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...
HomeNewsLocal Newsရေနီစက္ကူစက်ရုံအားမွမ်းမံမည်

ရေနီစက္ကူစက်ရုံအားမွမ်းမံမည်

စက္ကူစက်ရုံများရှိ ဝန်ထမ်းများသည်ပျော့ဖတ်နှင့် စက္ကူများထုတ်လုပ်သည့် လုပ်ငန်းအတွေ့အကြုံများရှိပြီး ဖြစ်သော်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးရန် စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီး အသေးစားပျော့ဖတ်နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်ရက်လျှင် (၃)တန်မှ (၅)တန်အထိ ထုတ်လုပ်နိုင်သော အသေးစားပျော့ဖတ် ထုတ်လုပ်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ရန်၊ တစ်ရက်လျှင် (၁၀) တန်အထိ ထုတ်လုပ်နိုင်သည့် စက်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

ထို့အပြင် ထုတ်လုပ်မည့် အသေးစား ပျော့ဖတ်ထုတ်စက်၏ ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရန်၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း ကိရိယာများကိုလည်း ပြန်လည်စစ်ဆေး၍ ကောင်းမွန်အောင်ပြုပြင်ရန်၊ တစ်ရက်လျှင်တန် ၂၀ ထုတ်လုပ်နိုင်သည့် ကတ်ထူစက္ကူစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင်မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီးအကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ကို ပြီးခဲ့သည့် ၂၀ ၂၃ ခုနှစ် သြဂုတ်လအတွင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071