ဘုန်းကြီးနှင့် ကိုရင်လေးများ တင်ဆောင်မောင်းနှင်လာသည့် ကားတစ်စီး ဘရိတ်ပေါက်ကာ မြောင်းထဲထိုးကျတိမ်းမှောက်ပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရ

0
172

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဘုန်းကြီးနှင့် ကိုရင်လေးများကို တင်ဆောင်မောင်းနှင်လာသည့် ကားတစ်စီး မတော်တဆဖြစ်ကာ လမ်းဘေးမြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့သည့်အတွက် ကိုရင်လေးများ အပါအဝင် (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အဆိုပါ ယာဉ်မှာ ဖေဖော်ဝါရီ (၁၂) ရက် နေ့လယ်ပိုင်းက မန္တလေးမှ မော်လမြိုင်မြို့ရှိ ပဲခူးမွန်ပရိယတ္တိစာသင်တိုက်သို့ ပြန်လည် မောင်းနှင်လာသည့် Canta အဖြူရောင်ယာဉ်ဖြစ်ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်လာရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် ဘရိတ်ပေါက်ကာ ရှေ့မှမောင်းနှင်နေသည့် Super Custom ကားကို ဝင်ရောက်တို-က်မိခဲ့ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကိုရင် (၁၀) ပါး၊ ဘုန်းကြီး (၄)ပါးနှင့် ကျောင်းသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ရာ ဖေးမကူညီလူမှုကူညီရေးအသင်းနှင့် ဒေသခံများက ဝေါမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here