အလွန့်အလွန်ပါးလွှာသော ဆိုလာပြား တရုတ်တီထွင်

0
151

သာမန် စက္ကူတစ်ရွက်ထက်ပင်ပါးလွှာပြီး၊ ၀ ဒသမ ၀၅၇ မီလီမီတာ မှ ၀ ဒသမ ၁၅၇ မီလီမီတာ အထိသာ အထူရှိမည့် ဆိုလာပြားအသစ်တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်များက စမ်းသပ်ထုတ်လုပ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆိုလာပြားသည် ဆီလီကွန်အလွှာပါးနှစ်ခုကို ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ပြီး၊ အလေးချိန်-စွမ်းအင် အချိုး ၂၆ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ရှိသဖြင့်၊ ပစ္စည်း၏ အလေးချိန်အလိုက် စွမ်းအင်ထုတ်လုပ်နိုင်မှုတွင် စံချိန်တင်သွားသည်။

ယခု အသစ်တီထွင်လိုက်သော ဆိုလာပြားအသစ်ကို အသုံးချခြင်းအားဖြင့် နည်းပညာဆိုင်ရာ ကဏ္ဍသစ်တစ်ရပ်ကို ကျယ်ပြန့်စွာဖွင့်လှစ်နိုင်တော့မည်ဟု နိုင်ငံတကာ သိပ္ပံပညာရှင်များက ဆိုကြသည်။

မကြာသေးမီကလည်း ပေကျင်းမြို့အခြေစိုက် Betavolt ကုမ္ပဏီသည် အားတစ်ကြိမ်သွင်းပြီးလျှင် နှစ်ပေါင်း ၅၀ ကြာသည်အထိ အားပြန်သွင်းစရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်သော နျူကလီးယားဘက်ထရီအသစ်တစ်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here