Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

ထရမ့်က ကနေဒါအနေဖြင့် Golden Dome...

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့်...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက...

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...
HomeNewsLocal Newsမောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပို့ကုန်တင်ပို့မှုသာရှိပြီး...

မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်မှ ပို့ကုန်တင်ပို့မှုသာရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည် ပို့ကုန်တင်ပို့မှုသာရှိပြီး သွင်းကုန်တင်သွင်းမှု ရပ်တန့်နေ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

နိုဝင်ဘာလ (၁) ရက်မှ (၂၁) ရက်အထိ ကာလအတွင်း ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ပို့ကုန်တန်ဖိုး ဒေါ်လာ ၀ ဒသမ ၂၈၆ သန်းတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံမှ ကွမ်းသီး၊ ဒညင်းသီး၊ ချင်း၊ သရက်သီး၊ ငါးမြစ်ချင်း၊ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်၊ ငါးခေါင်းပွနှင့် ဆီးယိုထုတ်၊ ထွန်းရွှေဝါလိမ်းဆေး၊ သနပ်ခါးခဲတို့ကို တင်ပို့ခဲ့ကြောင်း သိရသည်။

” နယ်စပ်ပိတ်ရင်လည်း ရန်ကုန်ဆိပ်ကမ်း ပုံမှန် လမ်းကြောင်းကနေ တင်ပို့ရင် စာရင်းဇယားတိကျပြီးနိုင်ငံတော်ဝင်ငွေပိုရနိုင်ပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်သို့ပို့နေကျ ကုန်သည်တစ်ဦးကဆိုသည်။

နိုဝင်ဘာလအတွင်း မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလျာထားချက်တန်ဖိုးသည် ပို့ကုန် ကန်ဒေါ်လာ ၁ ဒ သမ ၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၀ ဒသမ ၀၃ သန်း စုစု ပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်အထိ ကုန်သွယ်မှုစာရင်းအရ လျာထားချက်အပေါ် ၁၈ ဒသမ ၆၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သို့မဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှ‌ပေးစရာမလိုဟုဆို

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က သူအဆိုပြုထားသော Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ပါဝင်လိုပါက "သီးခြားဖြစ်သော်လည်း တန်းတူညီမျှမှုမရှိသော နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဆိုလျှင်" ကနေဒါအနေဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပေးချေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူ၏ TruthSocial လူမှုကွန်ရက်စာမျက်နှာတွင် ထရမ့်က ကနေဒါသည် "ကနေဒါသည် ကျွန်ုပ်တို့၏ ထူးခြားလှသော Golden Dome စနစ်တွင် အလွန်ပါဝင်လိုနေပြီး" အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းပါက အခမဲ့ ရရှိမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပြုထားသော ကာကွယ်ရေးစနစ်တွင် ပါဝင်ခြင်းသည် ကနေဒါအတွက် "ကျွန်ုပ်တို့၏...

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၅ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် ကားလမ်း ဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦးကားတို-က်ခံခဲ့ရသဖြင့် ဦးခေါင်း၌ထိခို-က်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူအိုင်ယာလန်နိုင်ငံသား၏ ရုပ်အလေ-ာင်းအား အဖြူရောင်မေတ္တာရှင်လူမှုကူ‌ညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေရုံးကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းအားကားဖြင့်တို-က်မိခဲ့သော ကားမောင်းသူအား အမှတ်(၉)မြို့မရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်အသိပေးထားသည်။ အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မေ (၂၉)ရက်မှစ၍ ဇွန် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071