Wednesday, April 22, 2026

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း...

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင်...

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို...

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်...

အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတို့ကြောင့် ကွန်ဒုံးများ...

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ထိခိုက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ Karex...
HomeNewsLocal Newsလျှပ်စစ်အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာတွင်...

လျှပ်စစ်အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်

လျှပ်စစ် အားသွင်းစက်များနှင့် လျှပ်စစ်ကားများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်ကား (EV) များနှင့် လျှပ်စစ်အားသွင်းစက်များ ဝယ် ယူသည့်နေရာတွင် စိတ်ကျေနပ်မှုမရှိပါက သို့မဟုတ် နစ်နာဆုံးရှုံးပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center နံပါ တ် (၁၅၃၅) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့အပြင်စားသုံးသူများ အလွယ်တကူဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ရန်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးပေါင်း (၄၈)ရုံးကိုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

စားသုံးရေးရာဦးစီးဌာနအနေဖြင့်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ၊ စိတ် ကျေနပ်မှု ၊ အာမခံရရှိစေးရေးတို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ်ကာအမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) အရ ဧပြီ ၁၂ ရက်၊ တရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် ဧပြီ ၁၅ ရက်၊ တရုတ် (ထိုင်ဝမ်) နိုင်ငံသား (၁) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်ရှိလာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန် ကြီးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဧပြီ ၂၂ ရက်အထိခရီးစဥ်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071